🍓 အပိုင်း 23 🍓

10.2K 399 4
                                    

The Fragrance of Love

🍓 အပိုင်း 23 🍓

ပိုးသား ဒီမနက် ရုံးတက်တော့ အားလုံးက သူမကိုကြည့်ပြီး ခေါင်းလေးငုံ့ကာ အရိုအသေ ပြုသွားကြတာမို့အထူးအဆန်းဖြစ်နေရသည်။

ပြီးသွားမှ မနေ့က ဥက္ကဌကြီးကြေညာခဲ့သည့်ကိစ္စကြောင့်နေရမည်ဟု သွားပြီးသတိရလိုက်သည်။

အရင်လို အကြည့်မျိုးတွေနဲ့ အတင်းအဖျင်းပြောကြတာ မဟုတ်တော့ပေမယ့်လဲ ဒီလိုအနေအထားကြီးနဲ့ သူမကို ဆက်ဆံသွားကြတာကလဲ ပိုးသားအတွက် အဆင်မပြေလှပါ။

ရုံးခန်းထဲရောက်တော့ အလုပ်စားပွဲမှာ ၀င်ထိုင်လိုက်ပြီး လုပ်စရာရှိတဲ့အလုပ်ကို လုပ်နေတုန်းမှာပဲ ကလျာက သူမအနားရောက်လာကာ စကားလာ​ပြောသည်။

"မပိုး .... ဟိုလေ နားနေခန်းမှာ ကော်ဖီထုပ်လေးတွေကုန်နေပြီမို့ ကလျာ အောက်ထပ်က ဆိုင်မှာ ကော်ဖီသွား၀ယ်မို့ အဲ့တာ ဘာမှာဦးမလဲဟင် .... "

"ဟင် .... ဟို မမှာတော့ပါဘူး ကလျာ...  ကျေးဇူးနော် .... "

"ဒါဆို ကလျာသွားတော့မယ်နော်.... "

"အေးအေး ညီမလေး "

ကလျာ ကော်ဖီ၀ယ်ဖို့ထွက်သွားတော့မှ မမိုးက အားလုံးအဆင်ပြေသွားပြီဆိုသောအဓိပ္ပါယ်ပါသည့် အကြည့်လေးနဲ့ ကြည့်လာပြီး သူမအား လက်မလေး ထောင်ပြလာသည်။

ဟူး ... ညစာစားပွဲလေး တစ်ခုကနေ အခြေအနေတွေအားလုံးက တစ်ရက်တစ်မနက်အတွင်းမှာ ရုတ်ချည်း ပြောင်းလဲကုန်တော့တာပင်။

"ပိုးသားရေ ....ငါ့ကို ဒီဟာလေး print ထုတ်ပေးပါလား .... "

"ဟုတ် ဂျာကြီး .... "

ဂျာကြီးက သူ့စားပွဲကနေ လှမ်းပြောတာမို့ ပိုးသား အသံပြန်ပြုလိုက်သည်။

ထို့နောက် သူမမှာ ထိုင်ခုံမှ ထရုံပဲရှိသေးသည် ဂျာကြီးက အလန့်တကြားဖြင့် ....

"အာ ဟုတ်သားပဲ .... နေနေ .... ငါအပြင်ထွက်စရာရှိသေးတယ် .... အဲ့တာ အပြင်ထွက်ရင်းနဲ့ပဲ တစ်ခါထဲ print ထုတ်လိုက်တော့မယ်..... လုပ်စရာမလိုတော့ဘူးနော် ပိုးသား....."

"မဟုတ်တာ ဂျာကြီးရဲ့ .... ပိုးလုပ်ပေးပါ့မယ်..... "

"ရတယ် .... ရတယ် .... အပြင်ထွက်စရာရှိသေးတာကို အခုမှ သတိရသွားလို့ .... "

🍓 The Fragrance Of Love 🍓Donde viven las historias. Descúbrelo ahora