🍓 အပိုင်း 25 🍓

10.4K 416 4
                                    

The Fragrance of Love

🍓 အပိုင်း 25 🍓

ပိုးသား ရုံးခန်းတံခါးကို ခေါက်မနေတော့ဘဲ ဆွဲဖွင့်လိုက်တော့ မောင့်ရုံးခန်းထဲမှ sofa ပေါ်တွင် သားက ခုန်ဆွခုန်ဆွ လုပ်နေပြီး မောင်ကလဲ သူ့သားကို ပြုံးကြည့်နေကာ အအေးဘူးကိုလဲ ကိုင်ထားပြီး သားကို တိုက်ဖို့ လုပ်နေသည်။

သားအဖ၂ယောက်လုံး တံခါးပေါက်၀တွင် ရပ်နေသည့် သူမကိုမြင်တော့မှ ကိုယ်ရှိန်သပ်သွားကြသည်။

ပိုးသား မျက်နှာ ခပ်တည်တည်ဖြင့်ပင် သူတို့သားအဖအား ကြည့်လိုက်သည်။

"သားသား မေမေဘာပြောထားလဲ ....
ဖေဖေ့ရုံးခန်းထဲမှာ အရမ်းမဆော့ရဘူးလို့ သားသားကို မေမေမှာထားလား မမှာထားဘူးလား .... "

သားက မျက်နှာငယ်လေးဖြင့် သူမအား
ကြည့်ကာ .....

"သားသားလေးက အရမ်းမဆော့ပါဘူး မေမေရဲ့ .... သားသားလေးက ဖြည်းဖြည်းလေးပဲခုန်နေတာပါ ..... နော် ဖေဖေ "

"ဟုတ်ပါတယ် မရဲ့ ..... သားက အရမ်းကြီး မဆော့ပါဘူး .... "

"အရမ်းကြီး မဆော့ဘူး ဟုတ်လား မောင်.... ဒါဆို ဒါတွေက ဘာတွေလဲပြော ..... "

စားပွဲပေါ် မှာ ပျံ့ကြဲနေသည့် အရုပ်တွေရယ် မုန့်တွေရယ်ကို ပိုးသား မေးငေါ့ပြီး ပြောလိုက်တော့ သားအဖ ၂ယောက်လုံး ခေါင်းလေးတွေ ငုံ့သွားလိုက်ကြတာများ တစ်ပြိုင်နက်ထဲပင်။

ရှုပ်ပွနေတာတွေကိုကြည့်ပြီး အမြင်မတော်သည့် ပိုးသားမှာ ပွစာကြဲနေတဲ့ မုန့်အမှုန်လေးတွေကို တစ်ရှူးနဲ့ သုတ်ချပြီး စားပွဲအောက်မှာရှိနေတဲ့ အမှိုက်ပုံးလေးထဲသို့ ထည့်လိုက်သည်။

အရုပ်တွေကိုလဲ သူ့ဘူးလေးတွေထဲသူပြန်ထည့်ကာ စီစီရီရီထားလိုက်ပြီး သူတို့သားအဖအနားမှာ ၀င်ထိုင်လိုက်တော့ သူမ လုပ်တာအစအဆုံးကို လိုက်ကြည့်နေကြသည့် မျက်နှာလေးတွေက ချက်ချင်းဆိုသလို ပြန်ငုံ့သွားကြသည်။

"ဇေယျာဆိုတာ မောင့်အတွင်းရေးမှူးလေ
မောင်ရယ် ..... အလုပ်အတွက်ခန့်ထားတာလေ .... သားရဲ့ ဝေယျာဝေစ္စတွေလုပ်ပေးဖို့မှ မဟုတ်တာ ..... မ အပြင်မှာ ကြည့်နေရင်းနဲ့ကို အမြင်မတော်လို့ ဒီထဲအထိ ၀င်လာပြီး ပြောရတာ.... ဇေယျာမှာ တော်ကြာ မုန့်သွား၀ယ်ရပြန်ပြီ .... တော်ကြာ ကစားစရာတွေသွား၀ယ်ရပြန်နဲ့ ..... လူပြောစရာလဲဖြစ်တယ်..... မကောင်းဘူးလေ မောင်ရဲ့ .... "

🍓 The Fragrance Of Love 🍓Opowieści tętniące życiem. Odkryj je teraz