🍓 ဇာတ်သိမ်းပိုင်း 🍓

19.7K 585 25
                                    

The Fragrance of Love

🍓 ဇာတ်သိမ်းပိုင်း 🍓

8 လခန့် ကြာသော် ~

ပိုးသား မောင့်ကို Necktie လေး ချည်ပေးပြီး မော့ကြည့်လိုက်တော့ မောင်က သူမနှုတ်ခမ်းလေးကို ဖျတ်ခနဲ လှမ်းနမ်းသည်။

ပိုးသား မောင့်ကို ခပ်ဖျော့ဖျော့လေးပဲ
ပြန်ပြုံးပြလိုက်သည်။

"မ .... နေလို့မကောင်းဘူးလား.....ဘာလို့ မျက်နှာက အဲ့လောက်ထိ အားမရှိတဲ့ပုံ ဖြစ်နေရတာလဲ .... "

"မနက် အိပ်ရာထထဲက ခါး နည်းနည်းကိုက်နေလို့ မောင် .... "

မောင်က သူမ ဗိုက်လေးကို အုပ်ကိုင်ပြီး
စိုးရိမ်စွာကြည့်တော့ ပိုးသားမောင့်လက်လေးကို ဆုပ်ကိုင်ပြီး စိတ်မပူစေရန်
ခေါင်းလေးရမ်းပြလိုက်သည်။

"မွေးခါနီးလာလို့ အနာစိပ်လာတဲ့သဘောပါပဲ မောင်ရဲ့ .....Due date လဲ ကပ်နေပြီဆိုတော့ .... "

"တကယ်လို့ ခါးကိုက်တာ စိပ်လာရင် မောင်တို့ ဆေးရုံကြိုတက်ထားကြမလား မ "

"ဒီနေ့တစ်ရက်တော့ စောင့်ကြည့်လိုက်ဦးမယ်လေ မောင်ရယ် ..... မဟုတ်လဲ ဆေးရုံက သန်ဘက်ခါ တက်ရမှာပဲကို... "

"အဲ့တာဆို မ ခါးကိုက်တာ အရမ်းနာလာရင် မောင့်ကို ချက်ချင်းဖုန်းဆက်လိုက်နော် ဟုတ်ပြီလား .... "

ပိုးသား မောင့်ကို ပြုံးပြီး ခေါင်းလေးပဲ ငြိမ့်ပြလိုက်သည်။

ထို့နောက် မောင်က သူမပခုံးလေးကို ဖက်ပြီး အိပ်ခန်းထဲမှ သူမတို့လင်မယား ထွက်လာခဲ့ကြသည်။

ဧည့်ခန်းဆီရောက်တော့ သားက မူကြိုသွားဖို့ အဆင်သင့်ဖြစ်နေပြီး အဘိုးနဲ့အဘွားကြားမှာထိုင်ကာ တီတီတာတာလေးတွေ ပြောပြီး ချွဲနေသည်။

"ဟော ဖေဖေနဲ့ မေမေတောင် ထွက်လာပြီ.... မြေးလေး မူကြို သွားရတော့
မယ်... "

မေမေက ပြောပြီး သားလေးကို လွယ်အိတ်လေး လွယ်ခိုင်းသည်။

"မေမေ .... မက ဒီမနက် ခါးကိုက်နေလို့တဲ့ .... အဲ့တာ တစ်ခုခု ထူးရင် သားဆီ
ချက်ချင်း ဖုန်းဆက်ပေးနော် ... တစ်နေ့လုံး ခါးကိုက်နေရင် ဒီညနေပဲ ဆေးရုံ
ကြိုတက်လိုက်တော့မလားလို့ .... "

🍓 The Fragrance Of Love 🍓Where stories live. Discover now