🍓 အပိုင်း 7 🍓

11.2K 479 11
                                    

The Fragrance of Love

🍓 Part- 7 🍓

ရတု သူမတို့ သားအမိကို အိမ်ပြန်လိုက်ပို့ရင်း ရှေ့ကလမ်းချိုးမှာ ကားက ဘယ်ဘက်ကို ချိုးရမလဲမသိတာမို့ လှမ်းမေးမို့ ကြည့်လိုက်ရုံရှိသေးသည် တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး အိပ်နေကြသော သူမတို့သားအမိကြောင့် မှင်သက်သွားရသည်။

ကြည့်ရတာ သားအမိနှစ်ယောက်လုံး ဒီနေ့ တော်တော်ပင်ပန်းသွားခဲ့ကြတယ်နဲ့ တူသည်။ အိပ်နေလိုက်ကြတာများ ချစ်စရာလေးတွေ ။

ထို့ကြောင့် ရတု ကားကို လမ်းဘေး ခဏကပ်ရပ်လိုက်ပြီးသူမကို အသာလှုပ်နှိုးလိုက်သည်။

"မပိုးသားဖြူ .... မပိုးသားဖြူ "

အအိပ်ဆတ်သည့်သူမက သူနှစ်ခါလောက် နှိုးလိုက်ရုံပဲရှိသေးသည်။ချက်ချင်းနိုးလာ၏။

"MD ... ဟိုဟာ ကျွန်မအိပ်​ပျော်သွားတာထင်တယ် .... ဒါနဲ့ ရောက်ပြီလားဟင် "

"ရန်ကင်းထဲတော့၀င်လာပြီ မပိုးသားဖြူရဲ့ ..... ဟိုရှေ့က လမ်းချိုးမှာ ကားကဘယ်ဘက်ကိုချိုး၀င်ရမလဲ ကျွန်တော်မသိလို့ နှိုးလိုက်တာ .... "

"အာ ဘယ်ဘက်ကိုပါ MD.... ဘယ်ဘက်ကို ချိုး၀င်ပြီး ပထမဆုံး လမ်းသွယ်လေးထဲ၀င်လိုက်ရင် တွေ့ရမယ့် ထိပ်ဆုံးတိုက်ပါ .... "

"အိုကေ...အိုကေ "

လမ်းသိသွားပြီမို့ ရတု ကားစက်ပြန်နှိုးလိုက်ကာ သူမပြောသည့်အတိုင်း မောင်းလာခဲ့ရာ လမ်းသွယ်လေးထဲမှ ထိပ်ဆုံးတိုက်လေးရှေ့ရောက်လျှင် ကားပေါ်မှ သူအရင်ဆင်းလိုက်သည် ။

ပြီးတော့မှ သူမဘက်က တံခါးကို ဖွင့်ပေးလိုက်ကာ ....

"ကလေး ကျွန်တော့်ကိုပေးပါ မပိုးသားဖြူ "

"ဟိုရပါတယ် MDရဲ့ "

"ဘယ်လိုလုပ်ရမှာလဲ မပိုးသားဖြူရဲ့ ....
အိတ်တွေလဲပါနေတာကို ဒီအတိုင်းဆို ကလေးတစ်ဖက်နဲ့ ကားပေါ်ကဆင်းလို့တောင်ရမှာမဟုတ်ဘူး ..... ပေးပါ ဆက်လေးကို ကျွန်တော်ပဲ ချီခဲ့လိုက်မယ် "

သားက သူမကိုယ်ပေါ်မှာ ထပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့် သူပြောသလိုပဲ ဒီအတိုင်းဆို ပိုးသား ထလို့တောင်ရမှာမဟုတ်လို့ သူပြောတဲ့အတိုင်းပဲ လက်ခံလိုက်ရသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now