🍓 အပိုင်း 14 🍓

11.5K 488 11
                                    

The Fragrance of Love

🍓 Part -14 🍓

Kao Team ရဲ့ အသစ်ထွက်ရှိလာတော့မည့် Product Series အတွက် အစည်းအဝေးခန်းထဲတွင် ရတုတို့ meeting လုပ်နေကြခြင်း ဖြစ်သည်။

"ဒီတစ်ခေါက် product အသစ် Series လေးအတွက် promotion ကို မပိုးသားဖြူတို့ marketing team
က ဘယ်လိုတွေ လုပ်မယ်လို့ စိတ်ကူးထားလဲ .... "

ရတု သူမမျက်နှာကို သေချာစိုက်ကြည့်ပြီး မေးလိုက်သည်။

" ကျွန်မတို့ team ကတော့ ဒီတစ်ခေါက် Product အသစ် Series လေးကို စပြီး မဖြန့်ချိခင်မှာ တစ်ခါသုံးအထုပ်လေးတွေနဲ့ Sample သဘောမျိုးလေးတွေဝေဖို့ပြင်ဆင်ထားပါတယ် MD ....

အဲ့ဒီအထုပ်လေးတွေကိုအရင်ဆုံး Medical stores... Convenience stores လေးတွေနဲ့ City Mart တို့ Ocean တို့လို့ နေရာမျိုးတွေမှာ Test သဘောမျိုးနဲ့ customers တွေကို အရင်သုံးခိုင်းကြည့်ဖို့ စိတ်ကူးထားပါတယ်....

Marketing ပိုင်းကတော့ Product တွေဖြန့်ချိပြီးမှ digital marketing ကို သွားဖို့ပဲ ရည်ရွယ်ထားပါတယ်...  ကျွန်မတို့ Team ရဲ့ ဆုံးဖြတ်ချက်အရ Facebook ပေါ်မှာ
ပြိုင်ပွဲသဘောမျိုးလေး လုပ်ဖို့လဲ စီစဥ်ထားပါတယ် MD ...."

"ပြိုင်ပွဲ .... ဘယ်လိုပြိုင်ပွဲမျိုးလဲ "

"ကျွန်မတို့ရဲ့ product လေးတွေကို အသုံးပြုပြီး အလှပြင်ထားတဲ့ အလှဓာတ်ပုံလေးတွေနဲ့ ပြိုင်ပွဲ၀င်ရမှာပါ.... အဲ့ထဲကမှ အလှဆုံးဓာတ်ပုံလေးတွေကို ပထမ ဒုတိယ တတိယဆိုပြီး
ပြန်ရွေးမယ့် သဘောလေးပါ MD ..... "

"အဲ့တာက အရင်တုန်းက ကုမ္ပဏီတော်တော်များများလုပ်ခဲ့ကြတဲ့ နည်းလမ်းမဟုတ်လား ..... "

"ဟုတ်ပါတယ် MD .... အဲ့တုန်းကလဲ ကုမ္ပဏီတော်တော်များများ အဲ့နည်းလမ်းနဲ့ အထိုက်အလျောက် အောင်မြင်မှုရှိခဲ့ပါတယ်.... အခုက Social Media ခေတ်ဆိုတော့ ပိုပြီး အောင်မြင်နိုင်ချေရှိတာမို့ ဒီနည်းလမ်းကို team က throw back (နောက်ကြောင်းပြန်) တဲ့ သဘောအနေနဲ့ ရွေးချယ်လိုက်တာပါ....."

"ဒါဆို Team တစ်ခုလုံးက ဒီနည်းလမ်းကို အောင်မြင်မယ်လို့ ယုံကြည်မှုရှိတယ်ပေါ့ .... "

သူမတင်မဟုတ် အစည်းအဝေးခန်းမထဲမှာရှိသည့် လူအားလုံးကို ရတုကြည့်ပြီး မေးလိုက်မိသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now