🍓 အပိုင်း 11 🍓

12.5K 505 6
                                    

The Fragrance of Love

🍓 Part 11 🍓

ထမင်းစားပွဲရောက်တော့ သူတို့သားအဖ
မှာ သူမမျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေရ၍ ထမင်းပန်းကန်ကို မထိရသေးပေ။

"စားကြလေ .... ဘာလုပ်နေကြတာလဲ "

၂ယောက်လုံး ထမင်းပန်းကန်လေးတွေရှေ့ချပြီး သူမမျက်နှာအား မျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြသည်မို့ ပိုးသား ခပ်တည်တည်ဖြင့် ပြန်မေးလိုက်ရသည်။

"အွန့် ... သားလေး ထည့်စား .... "

ပြောပြောဆိုဆိုဖြင့် သားရဲ့ ပန်းကန်ထဲသို့ အသားတုံးလေးတစ်တုံး ပိုးသားထည့်ပေးလိုက်သည်။

သားက ၂နှစ်ခွဲအရွယ်ထဲက သူ့ဘာသူစားတတ်နေပြီမို့ သူမ ခွံ့ကျွေးရင် မစားချင်တော့ပါ။ သူ့ဘာသူသာ စားချင်နေသောကြောင့် ပိုးသားလဲ ခွင့်ပြုလိုက်ရသည်။ အောက်ဖိတ်ကျတာဘာညာကတော့ ပြီးမှသူမ ဘာသာ ပြန်ရှင်းရတာဖြစ်သည်။

"သားလေး စားလေ "

"မေမေ ... သားသားလေးကို ထည့်ပေးသလိုမျိုး ဖေဖေ့ကိုလဲ ထည့်ပေးလိုက်ပါလားဟင်..... "

သား​လေးစကားကြောင့် ပိုးသားသူ့ကိုကြည့်လိုက်တော့ သူက သူဘာမှမသိဘူးဆိုတဲ့ မျက်နှာထားဖြင့် သူမအား အပြစ်ကင်းစွာကြည့်နေသည်။

မထည့်ပေးပြန်ရင်လဲ သားအမြင်မှာ သူမကပဲ လူဆိုးမကြီး ဖြစ်ရဦးမည်မို့ ပိုးသား သူ့ပန်းကန်ထဲကိုလဲ ကြက်ပေါင်တစ်တုံး ထည့်ပေးလိုက်ရသည်။

အဲ့တော့မှ သူက ပြုံးစိစိဖြစ်သွားပြီ ထမင်းကို စားသည်။

ထမင်းစားနေရင်းနဲ့ ပထမဆုံးသော သူ့ကိုယ်ပိုင်ဖြစ်လာမည့်မိသားစုလေးရဲ့ထမင်း၀ိုင်းကို ကြည့်ပြီး ရတုရင်ထဲကြည်နူးသွားရသည်။

ရုတ်တရက်ကြီး သူ့မှာ မိသားစုလေးရှိလာရတာကို အသားမကျသေးပေမယ့်လဲ သူအရမ်းပျော်ရပါသည်။

ဒီလောက်ချစ်ဖို့ကောင်းတဲ့ သားလေးက အရမ်းတွေ လိမ္မာပြီး သူ့အပေါ် သိတတ်နေပေးတာကိုက သူ့အတွက် တစ်ဗန်းသာနေပြီဖြစ်သည်။

ညစာစားပြီးသွားတော့ သားလေးက သူ့လက်ကိုဆွဲပြီး ....

"ဖေဖေ သားသားလေးနဲ့ ကစားပေးဦး
နော် "

🍓 The Fragrance Of Love 🍓Where stories live. Discover now