🍓 အပိုင်း 2 🍓

13K 540 8
                                    

The Fragrance of Love

🍓 Part - 2 🍓

4 နှစ်ခန့်ကြာသော် ~~~

"သားရေ ပြီးပြီလား .... မေမေစောင့်နေတယ်နော်.... "

ပိုးသား အိမ်ရှေ့တံခါးနားကနေ သားရှိနေမည့် အခန်းထဲကို လှမ်းအော်လိုက်သည်။

"လာပြီမေမေ .... လာပြီ "

သားက သူမ၀ယ်ပေးထားသည့် ကျောပိုးအိတ်အ၀ါရောင်လေး လွယ်ပြီး လုံးလုံး လုံးလုံးနဲ့ အခန်းထဲမှ ပြေးထွက်လာသည်။

အသားဖြူလွန်းသည့်သားက သူတို့မူကြိုရဲ့ ၀တ်စုံ ဖြစ်သည့် ရှပ်အင်္ကျီလက်တိုအဖြူစွတ်စွတ်လေးရယ် ဒူးအတိ ဘောင်းဘီနက်ပြာရောင်လေးရယ်နဲ့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေသည်။

ဖိနပ်ချွတ်တဲ့နားရောက်တော့ သားက ခဏထိုင်ချပြီး သူစီးနေကျ ဘွတ်ဖိနပ်လေးကို သူ့ဘာသာ ကောက်၀တ်သည်။

၃နှစ်အရွယ်သားလေးကို အခုအရွယ်ထဲက သူလုပ်နိုင်တဲ့ အရာလေးတွေ လုပ်တတ်အောင် ပိုးသားပဲ သင်ပေးထားခြင်း ဖြစ်သည်။

"မေမေ သားသားလေး ပြီးပြီ "

"အဲ့ဒါဆို မေမေတို့ သွားကြမယ်နော်...."

သားလေးလက်ကိုဆွဲကာ အိမ်တံခါးကိုသေချာသော့ခတ်ပြီး သူမတို့သားအမိ နေထိုင်ရာ တိုက်ခန်းလေးထဲ မှ ပိုးသားတို့သားအမိထွက်လာခဲ့သည်။

ထို့နောက် installment ဖြင့် ၀ယ်ယူထားတဲ့ honda fit မီးခိုးရောင်ကားလေးနဲ့ သားကို အရင် မူကြို၀င်ပို့ခဲ့ပြီးမှ သူမက အလုပ်လာရသည်။

အချိန်အားဖြင့် ၄နှစ်ခန့် ကြာသွားခဲ့ပြီဖြစ်သလို အခုဆို သူမဘ၀ကလဲ ပုံမှန်အတိုင်း လည်ပတ်နေပြီ ဖြစ်၏။

သားလေးမရှိခင်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိအတွေးတွေ၀င်ခဲ့ပေမယ့် သားလေးသူမဗိုက်ထဲ စပြီးရောက်လာတဲ့အချိန်ထဲက ပိုးသားမှာ လောကဓံကိုရင်ဆိုင်ဖို့ အတွက် အင်အားတွေအလုံအလောက်ရှိလာရသည်။

မိန်းမသားတစ်ယောက်ထဲ ကလေးမွေးပြီး
ပြုစု​ပျိုးထောင်ခဲ့ရတာ ပြောမပြတတ်လောက်အောင် ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် သားမျက်နှာလေး မြင်လိုက်ရရင်ကို ရှိသမျှ အမောတွေအကုန်ပြေပျောက်ပြီး သူမအတွက်အရာရာ ပြီးပြည့်စုံခဲ့ရသည်။

🍓 The Fragrance Of Love 🍓Where stories live. Discover now