Part71(zawgyi)

3K 284 11
                                    

Chapter 71;

ကုဖေးလည်းခေါင်းငုံ့ပြီးခေါက်ဆွဲကိုတူနှင့်
ဆွကြည့်လိုက်တယ်။ခေါက်ဆွဲကစားလို့
ကောင်းမယ့်ပုံပင်။

သူ့အတွက်အသင့်စားခေါက်ဆွဲခြောက်များကို
စားတာငြီးငွေ့ဖွယ်ကောင်း၏။ဝမ်ရွှိတို့ဆိုင်မှာ အသားပေါင်မုန့်သွားစားမည့်သူတို့ရဲ့မူလအစီ
အစဉ်မှာဘေးဖယ်ခံလိုက်ရ၏။အရသာအထူးကောင်းမွန်သည့် အသားပေါင်မုန့်နှင့်ယှဉ်လိုက်
လျှင် ခေါက်ဆွဲပြုတ်၏အရောင်အဆင်းက မွဲခြောက်၏။

အထူးသဖြင့် သူ ခေါင်းမော့လိုက်သည့်အချိန်
တိုင်း သူ နှင့် မျက်နှာချင်းဆိုင်မှာထိုင်နေသည့် အသိစိတ်ကင်းမဲ့နေသောကျန်ချန်ကို မြင်တွေ့
နေရတာကြောင့်၊ ခေါက်ဆွဲပြုတ်ကပိုအရသာ
မရှိဖြစ်လာသည်။

ကုဖေးနည်းနည်းစိုးရိမ်သွား၏။သူ့ကိုယ်သူ
စိတ်တည်ငြိမ်အောင် စုစည်းပြီးနောက်တွင်
ကျန်ချန်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက
ငြိမ်သက်မှုမရှိသေးပုံပေါ်သည်။ သူက ငေး
ငေးငိုင်ငိုင်ထိုင်နေပြီးထိတ်လန့်မှုမှပြန်သတိ
မလည်လာသေးပေ။

ယနေ့ညတွင်သူကျန်ချန်ကိုတစ်ယောက်တည်း
လွှတ်မထားချင်ပေ။ဒါပေမဲ့ ကျန်ချန်ကို ဒီတစ်ညတော့ သူနဲ့ နေလိုက်ပါ့လား ဒါမှမဟုတ် ဆိုင်
မှာနေပါ့လားလို့လည်းသူပါးစပ်ဟပြီးဆွေးနွေး
ရမှာကိုကြောက်မိ၏။ သူ ပြောလိုက်တဲ့ စကား
တစ်ခွန်းခွန်းကြောင့်၊ ကျန်ချန်ကို လှုပ်နိုးလိုက်
သလိုမျိုးဖြစ်သွားမှာစိုးထိတ်မိသည်။

သူသည်ခေါက်ဆွဲတစ်ပန်းကန် ကုန်စင်အောင်
စားပြီးပန်းကန်ဆေး၍ဆိုင်ထဲသို့ပြန်ဝင်လာတဲ့တိုင်အောင်ကျန်ချန်ကနေရာတွင်မလှုပ်မရှားပဲ
ထိုင်​နေသေးတာမြင်လိုက်၏။

သူသည် စားပွဲခုံကို ပြန်ခေါက်သိမ်းပြီးဘေးမှာကပ်ထားကာကျန်ချန်ရဲ့နောက်မှာမတ်တပ်ရပ်
လိုက်သည်။

"သံသတ္တုစက်ရုံရဲ့ အခန်း...."
ကျန်ချန်ကအချိန်အကြာကြီးနေပြီးမှ စကား
စပြောလာသည်။
"ဒီည အဲ့ဒီမှာ တစ်ယောက်ယောက်ရှိလား။"

"မရှိဘူး ။"

"ဒါဆို အဲ့ဒီမှာမင်းငါ့ကိုအဖော်လုပ်ပေးလို့
ရလား ။ ငါ ဒီရင်းနှီးကျွမ်းဝင်နေတဲ့ နေရာ
မှာ ညတာကို မကုန်ဆုံးချင်ဘူး။ "

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now