Part 85(zawgyi)

2.7K 259 23
                                    


.Part 85 ~ ~

လောင်ရှီက သူ့ကို သူ့ရုံးခန်းသို့ ခေါ်သည့်အကြောင်းရင်းကို ဘာကြောင့် ကုဖေးကို
မပြောတာလဲဆိုတော့၊သူ နည်းနည်းလေး စိတ်တိုနေလို့ပင်။

'သူ ဂစ်တာဘယ်လိုတီးရမလဲ မသိဘူးလို့'
ကုဖေးက တစ်ခါပြောခဲ့ဖူးခဲ့တာကြောင့်၊ယနေ့မနက်အစောပိုင်းတုန်း၌ "ကုဖေးလည်းဂီတာတီးတတ်တယ်လေ၊မင်းတို့နှစ်ယောက် ဘာလို့ပရိုဂရမ် တစ်ခုမှာပဲ အတူတူတွဲမလုပ်ကြတာလဲ " လို့ လောင်ရှီပြောလာသည်ကို
သူရုတ်တရက်ကြီး ကြားလိုက်ရတုန်းက ၊
လောင်ရှီကို မညှာမတာရိုက်နှက်ချင်သည့် ထူးဆန်းတဲ့ ပြင်းပြင်းပြပြ ဆန္ဒတစ်ရပ်ကို ခံစားလိုက်ရသည်။

လောင်ရှီကို ဘာကြောင့်ရိုက်ချင်တာလဲ ? ?

ဘယ်သူသိနိုင်မှာလဲ.....တကယ်တမ်းတော့
'ကုဖေးက လက်ဖက်ရည်ကို သောက်ရတာ
ကြိုက်တယ် ' လို့ သူ့ကို ပြောပြခဲ့တဲ့လူနှင့်တစ်ယောက်တည်းပင် ဖြစ်နေတယ်လေ။

ခွေးသားလေး ကုဖေးက သူ့ကိုလိမ်ပြန်ပြီ။

သို့သော်လည်း၊ ကုဖေး သူ့ကို ပေးလာသည့်ဆင်ခြေသည် အဓိပ္ပါယ် ရှိ၏။ထိုအချိန်တုန်း
က သူတို့နှစ်ယောက်သည် ဘေးခုံ ကပ်ရပ်
အတန်းဖော်တွေထက်ဘာမှမပိုပေ။ကုဖေး
လိုမျိုး ကျောင်းတွင်း အဖွဲ့လိုက် လှုပ်ရှားမှု
တွေမှာ ပါဝင်လေ့မရှိသည့် လူတစ်ယောက်
အတွက် ၊ ဘက်စကတ်ဘော ပြိုင်ပွဲကြောင့်
သာ မဟုတ်လျှင် သူသည် စာသင်နှစ်တစ်နှစ်လုံး သူ့အတန်းဖော်တွေကို စကားဆယ်ခွန်းပင် ပြည့်အောင်ပြောဖို့ရန် မဖြစ်နိုင်ချေ။
ကုဖေးက သူ့ကို အမှန်အတိုင်း မပြောပြတာ
သည် ပုံမှန်သာဖြစ်သည်။

ကျန်ချန် တကယ်နားမလည်နိုင်သည်မှာ ကုဖေးက ဘာကြောင့် အမြဲတမ်း အတန်းဖော်
တွေရဲ့အဝေးမှာ နေရတာလဲ၊ကျောင်းပွဲတွေမှာ ဘယ်တော့မှမပါရတာလဲ၊သူနှင့်သက်တူရွယ်သူလူတွေနဲ့အပြန်အလှန်ဆက်နွယ်ပတ်
သတ်မှု မရှိတာလဲ။သူ အများဆုံးသွားသည့်
နေရာဟူ၍ ဝမ်ရှုတို့ပေါင်မုန့်ဆိုင်မှာ အသားပေါင်မုန့် သွားစားတာလောက်သာရှိသည်။

အမှန်အတိုင်းပြောရကြေးဆိုလျှင်၊ကျန်ချန်ကိုယ်တိုင်လည်း ကျောင်းသားတွေတစ်အုပ်ကြီးနှင့်အပြင်ထွက်လျှောက်လည်ရတာမျိုးကို သဘောကျသည်မဟုတ်ပေ။သူကအထီး
ကျန်ဆန်တယ်လို့ ဖန်ရှီက သူ့ကို တစ်ခါပြောဖူးသည်။ကုဖေးနှင့်မတူညီသည်မှာ သူသည် ကျောင်းပြိုင်ပွဲတွေမှာ ပါဝင်လေ့ရှိပြီး၊ ရံဖန်
ရံခါများတွင် သူနှင့်သက်တူရွယ်သူတွေနဲ့ အပြင်ထွက်လျှောက်လည်တတ်သေးသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now