2

1.1K 131 0
                                    

Unicode version





ဘဝက သူ့အတွက် တကယ်ကို မုန်တိုင်းခရီးကြမ်းတစ်ခုလိုပဲ။ အင်း အဲ့လောက်တော့ မဆိုးဘူးပေါ့လေ။ သူနည်းနည်းအပိုပြောမိတာပါ။ သို့သော် နယ်ကနေ ဆိုးလ်မြို့တော်ကိုကျောင်းလာတက်နေသော သူလိုသာမန်မိသားစုကပေါက်ဖွားလာသည့် သာမန်လူတစ်ယောက်အတွက်တော့ အခက်အခဲနည်းနည်းရှိတာအမှန်။

အထူးသဖြင့် ငွေရေးကြေးရေးအခက်အခဲက စကားပြောသည်။ သူက သူတို့ကျောင်း၏နာမည်ယူရန်အသင့်ပြင်နေသော Band ထဲက။ ဂီတကသူ့အိပ်မက်။ သူ့အိပ်မက်နောက်ကိုလိုက်ဖို့ အားလုံးအဆင်သင့်ဖြစ်နေကာကျမှ အရေးအကြီးဆုံးအရာကို သူသိလိုက်ရသည်။ သူတို့တွင် ကြော်ငြာနိုင်စရာ ငွေကြေးမရှိ။

ကျောင်းတက်ရင်းရခဲ့သောချစ်သူကလည်း သူ့ထက်သာသောသူနောက် ပါသွားပြီ။ သူတို့ကို အပြင်ကနေရာတွေကလည်း ခေါ်မသုံး။ ထို့ကြောင့် ပြောရရင်တော့ အသည်းကွဲတာရော စိတ်ဓာတ်ကျတာရောပေါင်းပြီး အခုရက်ပိုင်းတွေက သူ့အတွက် မုန်တိုင်းထန်သောနေ့ရက်များ ဖြစ်နေရသည်။

နောက်ဆုံး ကြံရာမရသည့်အဆုံး အချိန်ပိုင်းအလုပ်ဖြစ်ဖြစ် သူတို့အဖွဲ့ဖျော်ဖြေနိုင်ရန် နေရာပေါင်းများစွာကို လိုက်မေးခဲ့သော်လည်း နာမည်မရသေးသောအဖွဲ့မို့ ဘယ်သူကမှ ခေါ်မသုံးချင်။ သည်ကြားထဲ အနိုင်ကျင့်ချင်သော မန်နေဂျာများကရှိသေးသည်။

ထို့ထဲတွင် သူထင်မှတ်မထားပဲရခဲ့သောအလုပ်က ရယ်စရာလည်းကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းသည်။ အချိန်ပိုင်းချစ်သူတဲ့လေ။ ထိုအမျိုးသမီး ထိုစကားကိုပြောလာတုန်းက မူးများနေသလားဟု သူထင်မှတ်မှားခဲ့မိသေး၏။ သို့သော် နောက်တစ်နေ့မနက် တကယ်ကြီးဖုန်းဆက်လာသောအခါကျမှ အတည်ပြောနေခြင်းဖြစ်ကြောင်း သူလက်ခံလိုက်ရသည်။

အနည်းငယ်ကြောင်သောအလုပ်ဖြစ်သော်လည်း ရမည့်လုပ်ခက အဆမတန်များပြားနေသည့်အတွက် သူလွယ်လွယ်နှင့်ပင် သဘောတူလိုက်မိခြင်းဖြစ်၏။ မိန်းမတစ်ယောက်ရဲ့ချစ်သူဟန်ဆောင်ပေးရတာ ဘာအခက်အခဲရှိနိုင်မှာလဲ။

Tom & JerryWhere stories live. Discover now