28

996 129 26
                                    

Unicode version






လူတစ်ယောက်၏ကံက ဘယ်လောက်အတိုင်းအတာအထိ ကောင်းနိုင်ပါသလဲ။ တစ်လျှောက်လုံးအကောင်းတွေချည်းပဲကြုံတွေ့လာရတဲ့အခါ နောက်ခြေတစ်လှမ်း လှမ်းလိုက်မယ်ဆိုရင် ကံဆိုးသွားနိုင်သလား။

အစိုးရိမ်ကြီးလွန်းသည်လို့ပဲပြောပြော သူကတော့ အမြဲတမ်းတွေးပြီး စိုးရိမ်ပူပန်နေတတ်သောသူမျိုးပါ။ ဖြစ်မလာသေးသောကံကြမ္မာဆိုးများအကြောင်း အမြဲတမ်းတွေးပြီးစိုးရိမ်နေတတ်သူမျိုးမို့ အခုရက်ပိုင်း သူ့မှာ ပူပန်မှုအကြီးကြီးတစ်ခု ရှိနေပါသည်။

သူတို့က အခုဆိုလျှင် အလုပ်ကလည်း အဆင်ပြေလာသည်။ အချစ်ရေးအနေနှင့်ပြောရရင်လည်း toxic ဆန်သော ဆက်ဆံရေးတစ်ခုကိုဖြတ်ချနိုင်ခဲ့ပြီး သူ့အတွက်ကိုက်ညီနိုင်လောက်သည့်ရင်ခွင်တစ်ခုကို တွေ့ရှိခဲ့ပြီဟုထင်သည်။

သို့သော် သူစိုးရိမ်တာက လူတစ်ယောက်က သည်လောက်ကံကောင်းနေတာ ဖြစ်နိုင်ပါ့မလား။ ဆိုလိုတာက ဘယ်လိုပဲတွေးတွေး ကောင်းသောကံဆိုတာကတော့ ဆက်တိုက်လာနေမှာမဟုတ်ဘူးမလား။ လောကဓံရဲ့သဘောတရားကိုက အကောင်းတစ်လှည့်အဆိုးတစ်လှည့်ပဲလေ။

ထိုအတွေးကပဲ သူ့ကို နောက်ခြေတစ်လှမ်းမလှမ်းအောင် ပြန်ဆွဲထားပုံရသည်။ အကယ်၍ မတော်တဆ သူသာ ဌာနမှူးကိုဖွင့်ပြောလိုက်မိပါက သူ့ရဲ့ကံကောင်းခြင်းတွေပျောက်ဆုံးသွားပြီး ပုံမှန်ကံဆိုးမှုတွေ ပြန်လာမှာကို သူစိုးရိမ်မိနေသည်။

အမှန်တကယ်က သူဌာနမှူးကို ချစ်မိနေတာလည်း သေချာနေပြီ။ သူတို့၏ဆက်ဆံရေးက သာမန်သူငယ်ချင်းတွေမဟုတ်တော့တာလည်း သေချာနေပြီ။ သို့သော် တရားဝင်ဖြစ်သွားဖို့လိုအပ်နေသည့်ခြေလှမ်းကိုတော့ သူ့ဘက်က စမလှမ်းရဲပါ။

ပြောရရင်တော့ ဌာနမှူးက အကြီးပဲလေ။ ဒီကိစ္စတွေကို သူကပဲဦးဆောင်သင့်တာပေါ့။ သူကမှ စမပြောလာရင် ကိုယ့်ဘက်ကလည်း စပြောစရာဘာမှမရှိ။ ပြီးတော့ သူက ဌာနမှူးနှင့်ယှဉ်လျှင် ကလေးသာသာကောင်လိုဖြစ်နေသည့်အတွက် ပြောလိုက်ပြီးကာမှ ပလစ်ခံရမှာကိုလည်း စိုးရိမ်မိ၏။

Tom & JerryWhere stories live. Discover now