30

1.4K 142 21
                                    

Unicode version







ဘယ်ကိုမှလိပ်မမူပဲပို့လိုက်မိတဲ့အလွမ်းတွေပါ

ခင်ဗျားနှလုံးသားကကြားနိုင်မလား..

ချစ်သူရေ

အက်ကွဲနေတဲ့ကိုယ့်ရဲ့မိုးတိမ်လေးမှာလေ

ပွင့်ဦးတွေလည်းဖူးနေပြီ

မေတ္တာတွေလည်းစူးနေပြီ

ခင်ဗျားမရှိတော့ အရူးတစ်ပိုင်းပါပဲ..

လွမ်းတယ်

ခင်ဗျားကိုလွမ်းတယ်

ပျော်ရင်လည်းဘေးမှာရှိစေချင်ပြီး

မပျော်ရင်လည်းဘေးမှာရှိစေချင်တယ်

နာရီအပူးလေးတွေမြင်တိုင်းဆုတောင်းတယ်

ခင်ဗျားပျော်ပါစေ

ခင်ဗျားပျော်နေပါစေ

ကိုယ်မပျော်ရလည်းနေ

မိုက်တွင်းနက်ခဲ့တဲ့တေလေကတော့

ထားခဲ့တဲ့နေရာမှာပဲ ရပ် စောင့် နေ ပါ မယ်..














တစ်ပတ်တဲ့။

အပ်ကျပျောက်သွားတာကို ကောက်ရိုးပုံထဲမှာရှာရတာမှလွယ်ဦးမည်။ အခုတော့ ဆိုးလ်မြို့၏လူဦးရေထဲတွင် မြော်အိမီနာကို သူဘယ်လိုရှာရမှာတဲ့လဲ။ ပိုဆိုးတာက ပုန်းနေတဲ့သူလေ။

အပုန်းကောင်းလွန်းတဲ့ငွေလမင်းက တိမ်မျှင်တွေအနောက်မှာ ပျောက်ဆုံးနေသလို သူ့ရဲ့ဌာနမှူးကလည်း သူ့မျက်စိရှေ့ကနေ ပျောက်သွားခဲ့တာ တစ်ပတ်တောင် ရှိနေခဲ့ပြီ။ သူ့မှာ ကြံရာမရ ကြောက်ကြောက်လန့်လန့်နှင့် အရဲစွန့်ပြီး ဂျပန်ကိုဖုန်းဆက်ကြည့်တော့လည်း ဂျပန်ကို ပြန်ရောက်မလာဘူးတဲ့။ အိမ်ကိုမှမပြန်ရင် ဘယ်ကို ရောက်နေနိုင်မှာလဲ။

သူက မနက်တိုင်း ကုမ္ပဏီများရောက်လာလေမလား ကုမ္ပဏီအရှေ့တွင်သွားစောင့်သည်။ မိုမိုရင်း၏ပန်းဆိုင်ရှေ့ကို မကြာခဏဖြတ်လျှောက်ပြီး လူရိပ်ကလေးများမြင်ရမလား ချောင်းကြည့်သည်။ ဆာနာချန်းထံ အကြောင်းမရှိအကြောင်းရှာ ဖုန်းဆက်ကြည့်ပြီး အခြေအနေစုံစမ်းသည်။

Tom & Jerryحيث تعيش القصص. اكتشف الآن