24

1K 133 29
                                    

Unicode version





အခုတလော သည်လောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ မမှတ်မိတော့။ မနေ့ညက သောက်တာအရမ်းများနေပြီဆိုတာတော့ မှတ်မိလိုက်ပြီး ဟန်မဆောင်နိုင်လောက်အောင်ကို အိပ်ပျော်သွားခဲ့ရသည်။

သည်လိုတွေသရုပ်ပျက်မှာစိုးလို့သောက်တတ်အောင်လေ့ကျင့်ထားကာမှပဲ ဆိုဂျူသောက်လေ့သောက်ထမရှိတာမို့ ဒုက္ခရောက်ဖြစ်အောင်ရောက်လိုက်သေးသည်။ လူဆိုးလေးရဲ့အိမ်ကျမှပဲ အရှက်ကွဲရပြီ။

ဒါပေမယ့် ကောင်းကောင်းတော့အိပ်ပျော်လိုက်တာပဲလေ။ သူဒီလိုမအိပ်ဖြစ်ခဲ့တာ ဘယ်နှရက်ရှိနေပြီလဲ။ အခုတော့ သက်တောင့်သက်သာဖြစ်စွာနှင့်ပင် အိပ်ပျော်ခဲ့ရပြီ။ ပြီးတော့ အိပ်ရာကနွေးထွေးနေရတာလည်းပါသည်။ သည်တည်းခိုခန်းက ဆိုးတော့မဆိုးလှ။ အိပ်ရတာ ကိုယ့်အိမ်ကိုယ့်ရာလိုခံစားရစေပြီး လုံခြုံမှုကိုလည်းပေးသေးသည်။

သူက သူဖက်ထားသောဖက်ခေါင်းအုံးလေးကိုတိုးဖက်လိုက်ရင်း ခြေထောက်ကို အပေါ်တိုးခွလိုက်ချိန်တွင် သူ့စိတ်ထဲ၌ တစ်မျိုးလေးခံစားလာရသည်။ နေပါဦး ဖက်ခေါင်းအုံးက ဘာလို့လှုပ်ရှားနေရတာလဲ။

သူက သင်္ကာမကင်းဖြစ်စွာနှင့် မျက်လုံးကိုအသာဖွင့်ကြည့်တော့ သူ့မျက်စိသူမယုံချင်။ သူ့ရှေ့တွင်အိပ်ပျော်နေတာက ချစ်ရတဲ့ကလေးလေး။ သူ့ရင်ခွင်ထဲမှာ အပူအပင်မရှိသလိုကို အိပ်နေလိုက်တာ။

ဟင် နေပါဦး

ညက ကိစ္စတွေကိုပြန်စဉ်းစားကြည့်တော့ ဘာမှသိပ်မှတ်မိတာမရှိ။ ဘယ်ကနေဘယ်လိုဖြစ်သွားပြီး ချယ်ယောင်းကို ဖက်အိပ်မိနေတာလဲ။ စဉ်းစားလေမပေါ်လေဖြစ်နေရသည့်အထဲ သူဘာလုပ်မိလိုက်သေးလဲဟုတွေးမိတော့ ချွေးများပင်ပြန်လာသလို။

သူက သူ့လက်ကိုဆုပ်ကိုင်ထားသော ကလေးငယ်ကို နောက်တစ်ခါထပ်ငုံ့ကြည့်လိုက်တော့ စိတ်ထဲမှာ ကြည်နူးသလိုဖြစ်လာရ၏။ သူ့နားမှာ သည်လိုလေးအိပ်ပျော်နေစေချင်တာ သူ့ဆန္ဒတွေထဲကတစ်ခုပဲလေ။

ကြည့်ဦး သွားရည်တောင်ကျနေပြီ။ ရယ်စရာကောင်းလိုက်တာ။ သူက အရမ်းလှုပ်မသွားအောင်သတိထားကာ အသံတိတ်ရယ်လိုက်ရင်း ချယ်ယောင်း၏ နှုတ်ခမ်းထောင့်ကို လက်နှင့်လှမ်းတို့ထိကာ သုတ်ပေးလိုက်တော့ အအိပ်ဆတ်ပုံမရသောထိုကလေးက မျက်မှောင်ကုတ်သွားပြီး သူ့ရင်ခွင်ဘက်သို့ ခေါင်းမှီချကာ ဆက်အိပ်နေသည်။

Tom & JerryWhere stories live. Discover now