Extra Story Ep 2

586 70 29
                                    

Unicode version





ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဆိုတဲ့စကားက ရုပ်ရှင်တွေထဲမှာရှိတာလား။ ရုပ်ရှင်တစ်ကားကြည့်ပြီးလို့ ဇာတ်သိမ်းမှာ မင်းသမီးနဲ့မင်းသားညားကြရင်တောင် ဒါဟာ ဒီအထိပဲမြင်ရတဲ့ ဘဝရဲ့စာမျက်နှာလေ။ သူတို့ဘာဆက်ဖြစ်ကြသလဲဆိုတာ ဘယ်သူမှမသိဘူးမဟုတ်လား။ တကယ်ရော ပျော်ရွှင်နိုင်သွားကြတာဟုတ်ပါရဲ့လား။

အချစ်ဆိုတာ ကုန်သွားတတ်သလား။ လူတစ်ယောက်ကို အချစ်ကြီးချစ်ခဲ့ပြီးရင် အမုန်းကြီးမုန်းလို့ရတယ်ဆိုတာ တကယ်ကြီးလား။ သူကတော့ အဲ့လောက်အထိ မမုန်းရက်ပါ။ ချစ်ခြင်း၏ဆန့်ကျင်ဘက်က အမုန်းဖြစ်သည်ဆိုတာကို သူလက်မခံ။ ချစ်ခြင်း၏ဆန့်ကျင်ဘက်က အရင်လိုမဟုတ်တော့ပဲ ခံစားချက်တွေပြောင်းလဲသွားရတာလို့ပဲ သူမြင်ပါသည်။

သူတို့စချစ်ကာစက သူငယ်ချင်းတွေက အမြဲတမ်းသတိပေးသည်။ နင်က မိုးမမြင်လေမမြင်ဖြစ်နေတာ။ နင်ကမွှန်နေတာ။ နင်လွန်နေပြီ။ သည်စကားတွေကို တစ်ခွန်းလေးတောင်မှ သူနားမထောင်ခဲ့မိတာ။ အခုကျတော့ သူမှားခဲ့ပြီဆိုတာကို သူတဖြည်းဖြည်းသိလာတာမျိုး။

ချယ်ယောင်းအခုလိုပြောင်းလဲသွားရတာ ဘယ်သူ့ကြောင့်မှမဟုတ်ပဲ သူ့ကြောင့်။ သူက အရမ်းကြီးအလိုလိုက်ပေးလိုက်ရာကနေ ချယ်ယောင်းက ဘာကိုမှ ဂရုမစိုက်တော့တဲ့လူတစ်ယောက်ဖြစ်သွားခဲ့တာ။ အချစ်ကြီးချစ်ပြခဲ့လို့ တန်ဖိုးမဲ့သွားရတာလား။

"နင် အဲ့လက်စွပ်ကိုထိုင်ကြည့်နေတာ တစ်နာရီလောက်ရှိတော့မယ်"

နောက်ဆုံးတော့ မိုမိုက တိတ်ဆိတ်မှုကိုဖြိုခွဲရင်း သူ့ကို ဘုဆတ်ဆတ်ပြောလာသည်။ အခု သူမိုမိုနှင့်အတူ လိုက်နေနေခဲ့တာ နှစ်ပတ်ရှိခဲ့ပါပြီ။ ဆွန်းချယ်ယောင်းနှင့် သည်လိုတွေဖြစ်ပြီးနောက်ပိုင်း မျက်နှာချင်းဆိုင်ချင်စိတ်လည်းမရှိတော့သလို စကားပြောချင်စိတ်လည်းမရှိတော့။

ကိုယ်ကအစစအရာရာပေးခဲ့ပေမဲ့ မယူချင်ပါဘူးလို့ပြောတဲ့သူကပြောနေပြီလေ။ အမှန်အတိုင်းပြောရလျှင် သူရှက်နေတာလည်းပါပါသည်။ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာ သူမသိတော့။ အဲ့လောက်တောင်မုန်းနေလို့ နာကျင်စေမယ့်စကားတွေကိုချည်းရွေးပြောနေတာလားလို့မေးလိုက်ချင်သော်လည်း ပြန်ဖြေလာမည့်အဖြေကို သူမကြားချင်တော့။

Tom & JerryWhere stories live. Discover now