19

896 121 17
                                    

Unicode version





အရိုးရှင်းဆုံးဆိုတာ အဆန်းပြားဆုံးတဲ့။ သူက ဘဝကို ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းချင်တာ။ စီးကရက်တစ်လိပ်နှင့် သီချင်းတွေရှိနေရင် သူ့အတွက်ကပြည့်စုံနေပြီ။ သူမလိုချင်ဆုံးအရာများကိုပြောပါဆိုလျှင် ဒရာမာတွေပဲဖြစ်ပါလိမ့်မည်။

သူက စိတ်ရှုပ်သိပ်မခံချင်တဲ့လူမျိုး။ ခေါင်းထဲကို ဘယ်အကြောင်းအရာကိုမှ ကြာကြာမထည့်ထားချင်။ ပြောရရင်တော့ ပေါ့ပျက်ပျက်လူစားမျိုးလို့ သူ့ကိုယ်သူသတ်မှတ်ချင်သည်။ သူက ဘယ်အရာကိုမှ အလေးအနက်မထားပဲ သူပျော်ရာသူလုပ်ရင်း ရှင်သန်နေတတ်၏။

ထို့ကြောင့်လည်း ဌာနမှူးနှင့်ပြဿနာတက်တာကို သူမြန်မြန်ဖြေရှင်းချင်ခဲ့တာဖြစ်သည်။ အတူတူနေလာသော ဒီလေးလအတွင်း ဒါကပထမဦးဆုံး အကြီးအကျယ်ရန်ဖြစ်သလိုဖြစ်ခဲ့ခြင်းလည်းဖြစ်သလို ပထမဦးဆုံး တစ်ပတ်တိတိစကားမပြောခဲ့တာလည်း ဖြစ်တာမို့ သူ့မှာမနေတတ်မထိုင်တတ်နှင့်။

မနေ့ညက အဆင်ပြေအောင်ပြန်ချော့ပြီးသွားသောအခါတွင်တော့ သူ့အတွက်က ပြန်ပြီးနေလို့ကောင်းလာမှာကျိန်းသေသည်။ စိတ်ညစ်စရာမရှိတော့တာမို့ အရင်လိုပြန်ပျော်နိုင်မှာသေချာသည်။ အရင်တုန်းက ပျော်ရတဲ့နေ့ရက်တွေလို။

သူက သူ့အတွေးနှင့်သူကျေနပ်နေရင်း မနက်စာစားရန်အတွက် အောက်ထပ်သို့ဆင်းလာခဲ့သည်။ အောက်ကိုရောက်တော့ ဌာနမှူးက ကော်ဖီဖျော်လို့။ သူက တက်ကြွစွာနှင့် မောနင်းဟုနှုတ်ဆက်တော့ သူ့ကိုပြုံးပြပြီး ပြန်နှုတ်ဆက်၏။

"ရော့ ဒီမနက်တော့ အချိန်မရလို့ ကြက်ဥကြော်ပဲစားလိုက်တော့"

"ကျေးဇူးပါ"

တကယ်နေလို့ကောင်းတာပဲ။ သူ့ရှေ့ကိုရောက်လာသောပန်းကန်ကိုကြည့်ပြီး သူကျေကျေနပ်နပ်ပြုံးလိုက်ကာ ရေခဲသေတ္တာထဲမှ နို့ဘူးကိုထယူ၍ သူ့ခွက်ထဲသို့ လောင်းထည့်လိုက်၏။

"ကျောင်းသွားမှာလား"

"ဟုတ် ကျူတိုရီယယ်ရှိသေးတယ်"

မျက်နှာချင်းဆိုင်ထိုင်ဖြစ်ကြရင်း မနက်စာစားကြရင်း ဟိုပြောဒီပြောမနက်ခင်းတွေက ပုံမှန်ဆန်လိုက်တာ။ သူက မနက်စာကိုပျော်ရွှင်စွာစားပြီးနောက် ပန်းကန်ဆေးတာဝန်ပင် ယူပေးလိုက်ဖြစ်သေးသည်။ ဒီနေ့ခံစားချက်တွေကောင်းနေတယ်လေ။

Tom & JerryWhere stories live. Discover now