20

928 125 21
                                    

Unicode version





"ဟျောင့်တွေ ဟျောင့်တွေ ဒီမှာ ဒီမှာ"

မိုးဦးရာသီကိုရောက်နေပြီဖြစ်သောကြောင့် ထုံးစံအတိုင်း ကောင်းကင်ကတော့ ညှို့မှိုင်းမှိုင်း။ မိုးကမရွာပဲ အုံ့ပဲအုံ့နေတာမို့ အပူချိန်ကပိုတိုးပြီး ခါတိုင်းထက် ပိုပူတာတော့ အမှန်။ အတန်းတက်ချင်စိတ်ရော အပြင်လျှောက်သွားချင်စိတ်ရောမရှိနိုင်ပဲ ဖြစ်နိုင်မည်ဆိုလျှင် အခန်းထဲမှာပဲ အပူရှောင်နေစေလောက်သော ရာသီဥတုမျိုး။

နေ့လယ်နေ့ခင်းမို့ သူတို့အုပ်စုက လေ့ကျင့်တာမလုပ်နိုင်ပဲ အေးရာအေးကြောင်းထိုင်ကာ သီချင်းအသစ်အတွက် တိုင်ပင်နေကြတုန်း ဖုန်းပွတ်နေသောဖိလစ်က ရုတ်တရက်ထအော်လိုက်ကာ သူတို့အားလုံး၏အာရုံကို သိမ်းပိုက်လိုက်သည်။

"ဘာတုန်း"

"ကျနော်တို့သီချင်းဗျ။ ဒီမှာကြည့်ဦး"

"ဘယ်မှာလဲ ပြစမ်း"

သူတို့ မကြာသေးခင်က underground released လုပ်ထားသောသီချင်းတစ်ပုဒ်ကို Youtube တွင် follower များသောအကောင့်တစ်ခုက ပြန် share ပေးထားပြီး အခြေအနေကောင်းနေသည်။

"ဟ view က millions ချီနေတယ်ဟ"

"အေးဟဲ့ ဒီလိုမရဖူးဘူးနော်"

"မန့်တွေဖတ် မန့်တွေဖတ်စမ်း"

အမယ် feedback တွေက အရမ်းမဆိုး။ သူတို့က instrumental ပိုင်း ဦးစားပေးမို့ အချို့ကလည်း သိပ်မကြိုက်ကြ။ ကိစ္စမရှိ။ အဓိကက သူတို့တီးတာကို သဘောကျဖို့ပင်။

"ဒီလိုဆိုတော့ ကောင်းသားပဲဟ"

"အေး ဟဲ့ ဒီကွန်မန့်ကိုကြည့် ငါတို့ကိုသိတယ်ဟ။ ငါတို့တီးတဲ့ကလပ်ကိုတောင် ပြောပေးထားသေးတယ်"

"အမယ် ဟျောင့်တွေ ငါတို့ကိုသိတဲ့သူရှိပြီ"

ဒီခံစားချက်က ဘယ်လိုပြောရမလဲ။ ပျော်ဖို့ကောင်းတာအမှန်ပေမယ့် ပျော်တာထက် ကြည်နူးတဲ့ဘက်ကို ပိုရောက်တာမျိုး။ ကိုယ်စိုက်ထားတဲ့အပင်ကအသီးကင်းလေးထွက်လာတာကိုထိုင်ကြည့်နေရတဲ့ ဥယျာဉ်မှူးလို ခံစားချက်မျိုးလေ။

Tom & JerryWhere stories live. Discover now