4

1K 127 1
                                    

Unicode version





မှောင်ရီပြာဝေနေသော ညဦးပိုင်းကာလလေးမို့ လမ်းမပေါ်တွင် တစ်ကိုယ်တော်လျှောက်သွားနေရခြင်းက လက်ဖက်ရည်ကျဆိမ့်တစ်ခွက်၏အရသာလို။ ဘောင်းဘီအိတ်ထဲကိုလက်နှိုက်ထားပြီး ခေါင်းငိုက်စိုက်နှင့်လျှောက်နေရင်းက ပလက်ဖောင်းယဉ်ကျေးမှုအကြောင်းတွေးမိနေသောလူငယ်တစ်ယောက်တွင် အိပ်မက်အကြီးကြီးတွေရှိနေသည်ဆိုတာကို ယုံကြည်နိုင်ကြပါ့မလား။

ဂီတသမားဖြစ်ရတာ လွတ်လပ်သည်။ တကယ်တော့ အနုပညာကိုက လွတ်လပ်နေတာမျိုး။ ကိုယ့်အတွေးတွေကိုကိုယ် စိတ်ကြိုက်ပုံဖော်နိုင်သည်။ ကန့်သတ်ချုပ်နှောင်ထားသောဘောင်တွေစည်းတွေကြားမှာရှင်သန်တာ အနုပညာသမားမဟုတ်။ ဒါပြီးရင် ဒါလုပ်မည်ဟူသော အစီအစဉ်တွေရှိတာ အနုပညာသမားမဟုတ်။

လက်ဝဲလက်ယာမယိမ်းပဲ လစ်ဘရယ်ဆန်ဆန်တွေးခေါ်ပြီး တိမ်လိုရှင်သန်တာကမှ အနုပညာရှင်စစ်စစ်။ မျောချင်ရာမျောရင်း စိတ်ထဲပေါ်လာတာကို ဖန်တီးပစ်လိုက်တာကမှ အနုပညာရှင်စစ်စစ်။ ဒါဟာ သူ့ရဲ့အနုပညာအပေါ်သတ်မှတ်ချက်ဖြစ်၏။ ထို့ကြောင့်လည်း သူတို့အနုပညာအပေါ် ငွေတံဆိပ်လာကပ်ချင်ကြသောသူများကို သူကြည့်မရခြင်းဖြစ်သည်။

စိတ်ကူးတွေထဲမှာတော့ မာနရှင်အနုပညာရှင်ကြီး ဂီတသမားကြီးဖြစ်နေသော်လည်း တကယ့်လက်တွေ့တွင်တော့ သူတို့ဘဝတွေက ထင်သလောက်မလွယ်ကူခဲ့။ လက်တွေ့ကျကျ ဘဝကိုရင်ဆိုင်ရပြီဆိုလျှင် လိုအပ်ချက်တွေက များစွာရှိလာသည်။ အထူးသဖြင့် သူတို့အကြိမ်ကြိမ်ကြွေးကြော်ခဲ့ကြသော အနုပညာသမားမှန်လျှင် ငွေနောက်မလိုက်ဟူသည့်စကားက တကယ့်လက်တွေ့ဘဝတွင် ဖြစ်နိုင်ပါမည်လားဆိုတာ သူမရေရာချင်တော့။

"ဟော ချန်းလာပြီ"

သူက သူတို့လေ့ကျင့်ရာ မြေအောက်အခန်းတံခါးကို တွန်းဖွင့်ဝင်လာတော့ သူ့ကိုစောင့်နေကြဟန်တူသော သူ့ Band member များက နှုတ်ဆက်ကြသည်။ သူတို့က နှစ်နှစ်နီးပါးရှိတော့မည့် မထင်မရှား အပျော်တမ်း Band လေးပါ။

သူက Lead guitar သမား.. သူ့နှင့်တစ်နှစ်တည်းသမားကင်ဒါဟွန်းက Keyboard.. Bassist ဟုတ် Vocalist လည်းဟုတ်တဲ့ မကြီးအင်နာယွန်းက အဖွဲ့ခေါင်းဆောင်.. အစ်ကိုပတ်ဂျင်ယောင်းက Drummer...

Tom & JerryWhere stories live. Discover now