17

875 125 20
                                    

Unicode version




မမြည်စဖူး ဖုန်းမြည်သံကြောင့် သူ့လက်တွေက အလိုလိုလိုက်စမ်းရင်း ခေါင်းအုံးဘေးကဖုန်းကို ကောက်ကိုင်လိုက်သည်။ အိပ်ချင်နေဆဲမို့ မျက်လုံးတွေကတော့ မပွင့်သေး။

ညက အတော်လေးညဉ့်နက်သွားတာမို့ မနက်အစောကြီးထနိုင်ဖို့ဆိုတာ အဝေးကြီးမှာလေ။ မနက်အတန်းတောင် ဖျက်လိုက်ဖို့ မအိပ်ခင်ကတည်းက သူတွေးထားပြီးသား။ ဘယ်သူကများ စောစောစီးစီး လှမ်းနှိုးပါလိမ့်။

"ဟယ်လို"

အိပ်ချင်မူးတူးနှင့်ဖုန်းထူးသောသူ့အသံကြောင့် တစ်ဖက်က သဘောတကျ တခိခိရယ်တော့ သူ့မှာနွေးထွေးရပါသည်။ ဪ မနက်တိုင်း ဒီလိုနှိုးပေးတဲ့နေ့တွေကို ပြန်ပြီးတော့ပိုင်ဆိုင်ရပြီလား။

ညက သူတို့ပြန်ပြေလည်သွားပြီးနောက် တစ်ညလုံးအပျော်လွန်နေခဲ့ကြတာ မနက်သုံးနာရီကျော်မှ အိမ်ပြန်ရောက်သည်။ အိမ်ပြန်လမ်းခွဲကာနီးကလည်း ဆိုမီက သူ့ပါးကိုထပ်နမ်းသွားသေး၏။ အခုမနက်ကိုလည်း လှမ်းနှိုးပေးပြန်ပြီ။ အိပ်မက်လား တကယ်လား။ အိပ်မက်ဆိုရင်တောင် မနိုးထပါရစေနဲ့။

"ထတော့လေ အိပ်ပုတ်လေး မနက်ကိုးနာရီကျော်နေပြီ"

"အိပ်နေသေးတာဘယ်လိုလုပ်သိတာလဲ"

"သိတာပေါ့။ နင်ဘာလုပ်တတ်လဲဆိုတာ ငါ့ထက်ဘယ်သူကပိုသိမှာလဲ။ နင့်ကိုငါ့ထက်ဘယ်သူကပိုနားလည်မှာလဲ"

"ဟဲဟဲ"

သူဘာပြောရမှန်းမသိတာမို့ ရယ်၍သာနေလိုက်သည်။ ဒီအဖြစ်အပျက်များကို လက်ခံဖို့က သူ့အတွက် နေရခက်နေသလိုမျိုး အနည်းငယ်တော့ခံစားနေရသေး၏။ အသားမကျနိုင်သေးတာလား ပြန်ဆုံးရှုံးရမှာကိုကြောက်နေတာလား။

"တော်ပြီ ထတော့ချန်း နေ့လယ်တော့ ကျောင်းလာတက်ပါဟာ"

"အေးပါ လာခဲ့မယ်"

"အဲ့တာဆို ကျောင်းမှာတွေ့မယ် တာ့တာ ချစ်တယ်"

"အင်းးးးး"

သူက လည်ချောင်းသံနှင့်ဖြေလိုက်ပြီးနောက် ဖုန်းကိုပြန်ချထားလိုက်သည်။ ဒါဘယ်လိုအခြေအနေမျိုးလဲ။ သူမပျော်နေတာမျိုးတော့မဟုတ်။ သူပျော်တာပေါ့။ သူလိုချင်တာက ဆိုမီနှင့် ဒီလိုပြန်နေနိုင်ဖို့လေ။ ဒါဆို ဘာက သူ့ကို မပျော်စေရတာလဲ။ တစ်စုံတစ်ခုက သူ့ကိုပြန်ဆွဲထားသလို သူ့စိတ်ကမလွတ်လပ်နိုင်ပဲ ဖြစ်နေသည်။

Tom & JerryWhere stories live. Discover now