9

1K 131 10
                                    

Unicode version



ဂီတသမားတစ်ယောက်ဖြစ်လာသည်ဆိုတာ လူတွေအမြင်မှာ အားကျစရာအိပ်မက်တစ်ခုလိုဖြစ်သော်လည်း နောက်ကွယ်ကရုန်းကန်ရမှုကတော့များသည်။ အထူးသဖြင့် သူတို့လို ကျောထောက်နောက်ခံမရှိသူများအတွက်ကတော့ ရုန်းကန်ရမှုက သူများထက်အဆပေါင်းများစွာ။

အဖွဲ့လိုက် လမ်းမပေါ်တွင် ခြေတိုအောင်လမ်းလျှောက်ရင်း ပစ္စည်းတွေရွှေ့ပြောင်းနေရသောမနက်တွင် သူတို့ကတော့ စိတ်အားထက်သန်မှုနှင့်တက်ကြွနေသည်။ နေရာအသစ်ကိုပြောင်းရမည်ဆိုတာ အကောင်းတွေစတင်ဖို့ အကြောင်းရင်းခံတစ်ခုမဟုတ်လား။

အခု သူတို့ခြောက်လစာချုပ်နှင့်ငှါးလိုက်သောဂိုထောင်က အရင်နေရာထက်အများကြီးပိုသန့်ကာ ပိုလည်းကျယ်သည်။ သည်နေရာကိုငှါးရမ်းနိုင်ဖို့အတွက် သူက ထိုမိန်းမထံမှ သုံးလစာကြိုထုတ်ခဲ့ရ၏။ ဒါပေမယ့် တန်ပါသည်။ တစ်ဖွဲ့လုံးပျော်နေကြတာမို့ သူပါလိုက်ပြီး ပျော်နေမိသလိုလို။

တစ်ခုပါပဲ။ အရင်ဆိုနေရာတစ်ခုပြောင်းကြတိုင်း သူ့ဘေးတွင်ပါလာနေကျအရိပ်ကလေး မရှိတော့တာကတော့ တစ်မျိုးကြီးဟု ခံစားရသည်။ ပြီးတော့ အခုတစ်ခေါက် နေရာပြောင်းခဲ့ခြင်းက သူတို့၏အမှတ်တရအားလုံးကို ထားခဲ့လိုက်ရသလို။

တကယ်က သူ့မှာ အမှတ်တရတွေပဲကျန်နေခဲ့တာပါ။ အခုတော့ အမှတ်တရတွေကိုတောင် မပိုင်ဆိုင်နိုင်တော့ဘူး ဖြစ်ခဲ့ရပြီ။ အင်းလေ ဆုံးရှုံးရပြီဆိုမှတော့ ဘာတွေကို ဖက်တွယ်နေဦးမှာလဲ။ သူလည်း သူ့လမ်းသူသွား ကိုယ်လည်း လွမ်းစရာရှိတာဆက်လွမ်းပေါ့။

"နေရာကတော်တော်ကောင်းတာပဲ"

"ဟုတ်ပ။ အရင်နေရာလောက်လည်းမအေးဘူး"

"ချန်းရယ် နင့်မိန်းမက တကယ်ကျေးဇူးတင်စရာကောင်းတာပဲ။ ငါတို့ဒီငွေကို သေချာပေါက်ပြန်ဆပ်မှာပါ"

"သူကလည်းရပါတယ်တဲ့"

လခလို့ပြောလို့မရသောကြောင့် သူတို့လိုနေသောငွေကို မီနာက ထုတ်ချေးပေးသည်ဟု သူပြောပေးထားတာမို့ အားလုံးကလည်း သည်အတိုင်းယုံကြည်နေကြသည်။ မိန်းမဆီကကပ်စားနေရသူဟု ထင်စရာရှိသော်လည်း အခုလောလောဆယ်တော့ မတတ်နိုင်တော့။ သူတို့အဆင်ပြေဖို့က ပထမဦးစားပေးမဟုတ်လား။

Tom & JerryWhere stories live. Discover now