26

1K 135 29
                                    

Unicode version




ခါတိုင်းနေ့တွေလိုပါပဲ။ ပုံမှန်နိုးထလာရာကနေ အိပ်ရာထဲမှာ တစ်ပတ်လှိမ့်ရင်း မနေ့ညကအိပ်မက်ကလေးကိုပြန်တွေးကြည့်တယ်ပေါ့။ ဘာလို့အိပ်မက်နဲ့မတူပဲ တကယ်လို့ထင်နေရတာလဲ။ သူထိတွေ့ခဲ့ရတဲ့နှုတ်ခမ်းတွေက ဘာလို့အိပ်မက်ဆန်မနေရတာလဲ။

သူ့နှုတ်ခမ်းတွေသူ ယောင်ယမ်းပြီးစမ်းမိတော့ အခုထိ စီးကရက်ရဲ့အငွေ့အသက်တွေ စွဲနေသေးသလို။ အခုထက်ထိ ချယ်ယောင်းရဲ့ဝင်သက်ထွက်သက်ကို ခံစားနေရသေးသလို။ သေချာပေါက် သူဆေးလိပ်ကိုမကြိုက်လောက်တာပဲ။

သူကတွေးနေရင်းနှင့်မှ သတိဝင်လာသောလူလို မျက်လုံးပြူးသွားပြီး အိပ်ရာပေါ်တွင် ထထိုင်လိုက်မိသည်။ နေပါဦး။ နေပါဦး ဒါအိပ်မက်မှမဟုတ်ပဲ။ မနေ့ညက အဖြစ်အပျက်တွေက အိပ်မက်မှမဟုတ်ပဲ။ သူတကယ်ကြီးကို သူချစ်ရတဲ့သူနဲ့ အကြာကြီးအနမ်းတွေခြွေခဲ့မိတာပဲ။

ဟုတ်ပါရဲ့။ သူတို့အိမ်ပြန်ရောက်တော့ ရှက်တာနဲ့ ကိုယ့်အခန်းကိုယ်ပြေးကြတာလေ။ အပြင်တောင်ပြန်ထွက်မလာကြမိဘူးမလား။ အမလေး ပြန်သတိရသွားတော့မှ ရင်ခုန်သံတွေက ပရမ်းပတာပြန်ဖြစ်လာသည်။

သူက မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်လာခဲ့ပြီးနောက် မနက်ခင်းကိစ္စများကို ခပ်မြန်မြန်လုပ်လိုက်၏။ ပြီးတော့ ဟိုတစ်ယောက်မနိုးခင် မနက်စာသွားလုပ်မည်ဟု စဉ်းစားထားလိုက်သည်။

သူအခန်းထဲကထွက်လာတော့ အရင်ဆုံး ချယ်ယောင်းအခန်းဘက်ကို လှမ်းကြည့်ဖြစ်၏။ ပုံမှန်အတိုင်းငြိမ်သက်လို့။ အိုခေ အိပ်ရာမထလောက်သေးဘူးပဲ။ ဒါဆိုရင် မြန်မြန်လုပ်ရမယ်။ မနေ့ညကလိုတွေဖြစ်ပြီးတော့မှ ချယ်ယောင်းနှင့် ဘယ်လိုမျက်နှာချင်းဆိုင်ရမယ်ဆိုတာ သူမသိသေး။

သူက ဆံပင်ကို ဆံပင်ချင်းချည်လိုက်ကာ မီးဖိုထဲကိုဝင်လာတော့ မီးဖိုထဲမှ တစ်စုံတစ်ယောက်ကြောင့် လန့်ပြီးအော်မိတော့မတတ်။ ချယ်ယောင်းကလည်း ခြေသံကြား၍လှည့်ကြည့်လိုက်တော့ သူ့ကိုမြင်သွားပြီး လန့်သွားပုံရသည်။

နှစ်ယောက်သား ဘာပြောရမှန်းမသိပဲ ချက်ချင်းအကြည့်တွေရှောင်လွှဲလိုက်ကြပြီးမှ သူကပဲ လူကြီးပီပီ ဦးဆောင်ရတော့၏။ မဖြစ်သေးဘူးလေ။ ဒီအတိုင်းကြီးရှောင်နေလို့မှမရတာပဲ။

Tom & JerryWhere stories live. Discover now