27

1K 128 25
                                    

Unicode version





နောက်ကျနေပြီ နောက်ကျနေပြီ နောက်ကျနေပြီ။

ညက အသောက်ကောင်းလို့ ခေါင်းကိုက်ကိုက်နှင့်အိပ်လိုက်တာ မနက်ကို ဘယ်လိုရောက်သွားမှန်းမသိ။ နှိုးစက်သံကိုတောင်မကြားတော့ပဲ မျက်လုံးထဲကို နေရောင်ဝင်မှပဲ နိုးတော့သည်။ နာရီကိုကြည့်တော့ မနက်ရှစ်နာရီခွဲနေပြီ။

အဲ့တာတွေအကုန် ဟိုကောင် မကောင်းတာပဲ။ လူဆိုးလေး။ ညက သူ့ကို စနေရတာနဲ့ပဲ အရမ်းသောက်ဖြစ်သွားခဲ့တာပဲ။ သူက ဘာမဆိုင်ညာမဆိုင် သူ့အခန်းထဲမှာသူနေနေသော ချယ်ယောင်းကို ကျော်ခွကာမေတ္တာပို့ရင်း ဝရုန်းသုန်းကားနှင့် ရေချိုးခန်းထဲရောက်သွား၏။

ခက်တော့တာပဲ ခက်တော့တာပဲ ခက်တော့တာပဲ။

သူက ရေချိုးခန်းထဲမှ ပြန်ထွက်လာတော့ နှုတ်ခမ်းနီဆိုးနေဖို့ပင် အချိန်မရတော့။ ရပါတယ်။ Lip balm လောက်ဆို အဆင်ပြေနေပြီ။ နေဦး ကားသော့ ကားသော့။ အာ အောက်ထပ်မှာပဲ။

သူက အဝတ်အစားလဲနေရင်းနှင့် အိတ်ကိုဆွဲကာအပေါ်အင်္ကျီကိုပင် ထပ်မဝတ်နိုင်ပဲ လက်ပေါ်တွင်သည်အတိုင်းချိတ်ပြီး အောက်သို့ပြေးဆင်းလာခဲ့၏။ ချယ်ယောင်းကတော့ ဘယ်လိုလုပ်မလဲမသိ။ ပုံမှန်ဆို သူ့ကားနှင့်တင်သွားလို့ရသော်လည်း အခုထိမနိုးသေးရင်တော့ မတတ်နိုင်တော့။

မနက်စာလည်းပြင်နေချိန်မရတော့တာမို့ ရေခဲသေတ္တာကိုဆွဲဖွင့်ကာ ပေါင်မုန့်တစ်ချက်ကို ကိုက်သည်။ ထို့နောက် ချယ်ယောင်းဝယ်ထားတာဖြစ်ပုံရသော စတော်ဘယ်ရီနို့ဘူးတစ်ဘူးကိုဆွဲကာ ဧည့်ခန်းထဲသို့ ဖြတ်လျှောက်တော့ ရုတ်တရက် သူ့ရှေ့တွင် လူတစ်ယောက်က ပိတ်ရပ်၏။

ခေါင်းမဖြီးရသေးသော စုတ်ဖွားရုပ်ကလေးနှင့် မပွင့်သေးသောမျက်လုံးများကိုပွတ်နေရင်း သူ့အရှေ့တွင်လာရပ်နေပုံလေးက ချစ်စရာ။ သို့သော် သူ့မှာ ထိုချစ်စရာကလေးငယ်လေးကိုချစ်နေဖို့ပင် အချိန်မရှိတော့။

"ရှေ့ကဖယ်ဦး။ ကိုယ်အလုပ်နောက်ကျနေပြီ"

"ဟင်းးး အလုပ်သွားမလို့လား"

Tom & JerryDonde viven las historias. Descúbrelo ahora