Extra Story Ep 4

961 51 7
                                    

Unicode version


သူတို့၏ဂျပန်ကုမ္ပဏီနှင့်ပူးပေါင်းသောဂိမ်းအသစ်အတွက် အစည်းအဝေးများကို ခဏခဏပြုလုပ်ရင်းနှင့်ပင် ဟာရူတိုနှင့်လည်း သူအတော်လေးကို ရင်းနှီးနေခဲ့ပါပြီ။ ကြားဖူးထားသည့်သတင်းတွေလိုမဟုတ်ပဲ လူရှုပ်ကလေးဟာရူတိုက အလုပ်ကြိုးစားပြီး စိတ်ကူးဥာဏ်ကွန့်မြူးသောလူငယ်တစ်ယောက်

သူတို့လုပ်နေသောဂိမ်းက magic chess ပုံစံဂိမ်းဖြစ်သည့်အတွက် ဂိမ်းစည်းမျဉ်းတွေမျှတဖို့ သူတို့အစည်းအဝေးများ အကြိမ်ကြိမ်ထိုင်ခဲ့ရ တိုင်ပင်စဉ်းစားခဲ့ရသည်။ ဟာရူတိုအလုပ်လုပ်ပုံက အောက်ကတင်ပြသည်ကိုပဲနားထောင်တတ်သောဘော့စ်ပုံစံမဟုတ်ပဲ သူကိုယ်တိုင်ထဲထဲဝင်ဝင်နားလည်ပြီး ဝင်ရောက်ဆွေးနွေးတတ်သော ခေါင်းဆောင်ကောင်းပုံစံမျိုး။

သည်လိုအလုပ်ကိုစေ့စေ့စပ်စပ်လုပ်တတ်တာမို့ စာအုပ်ကြီးပုံစံဖြစ်နေမည်ဟု မထင်ပါနှင့်။ သူ့ကို တစ်ခုမဟုတ်တစ်ခုလိုက်စနေပြီး သူပျော်အောင်ပဲ အမြဲလုပ်ပေးနေတတ်သော ချစ်ဖို့ကောင်းသည့်ကောင်ချောလေးပုံစံနှင့်လည်း သူ့အနားတွင် တဝဲလည်လည်လုပ်တတ်ပါသေးသည်။

အခုရက်ပိုင်းတွေ အများကြီးပိုပြီးနေလို့ကောင်းလာသည်မှာ ဟာရူတို့ကြောင့်ဟု သူလက်ခံရပါမည်။ သူနှင့်အတူ အချိန်ဖြုန်းပေးရင်း သူနှင့်အတူ အထီးကျန်ညတွေကိုအဖော်လုပ်ဖြတ်သန်းစကားပြောပေးနေသောကြောင့် သူ့စိတ်ဒဏ်ရာ အများကြီးသက်သာလာရသည်။

ဒါတောင် အနာမကျတ်သေးတာမို့ တစ်ချက်တစ်ချက် နာချင်တုန်း။ အေးလေ တော်ရုံတန်ရုံချစ်ခဲ့တာမှမဟုတ်ပဲ။ ရှိသမျှပုံပေးပြီးချစ်ခဲ့မိတာဆိုတော့ လွယ်လွယ်နဲ့မေ့ဖျောက်ပစ်ဖို့တော့ ဘယ်လွယ်ကူပါ့မလဲ။

အခုရော သူတစ်ယောက် အဆင်ပြေနေပါသလားဆိုတာကိုတော့ သတိရတိုင်းတွေးဖြစ်သည်။ သူက လိုက်လျောညီထွေနေတတ်သူမို့ ရောက်ရာအရပ်မှာတော့ အဆင်ပြေနေမှာပါ။ သို့သော် သူ့နဂိုစိတ်အရ စိတ်ပူနေတာက ပူနေတာပဲလေ။ ကိုယ့်အပေါ်ကိုလုပ်ရက်သွားသူကိုတောင် သူ့မှာ တွေးပေးချင်နေတုန်း။

Tom & JerryWhere stories live. Discover now