22

937 123 32
                                    

Unicode version




မြို့ပြနှင့်တဖြည်းဖြည်းဝေးကွာလာသည်နှင့်အမျှ မြင်ကွင်းကပြောင်းလဲလာပြီး သူဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင် စိမ်းမြသောသစ်ပင်တောတန်းများကိုပိုမြင်လာရ၏။ မနက်အစောပိုင်းမို့ နေရောင်ကမပူသေး။ မြစိမ်းရောင်သစ်ရွက်ပေါ်တွင် ရွှေရောင်ဖြိုးဖျနေရောင်ခြည်ကဖြာကျနေပြီး လတ်ဆတ်သောလေထုက သူစီးနင်းလာသည့်ကားကလေးကို ထွေးပွေ့ထားသည်။

မရောက်တာ နှစ်နှစ်နီးပါးလောက်ရှိနေသောနယ်မြို့လေးက သူထွက်လာခဲ့သည့်အတိုင်း နည်းနည်းလေးမှ ပုံစံပြောင်းမသွား။ သည်အတိုင်း အရင်အတိုင်း နွေးထွေးစွာနှင့် သူ့ကိုကြိုဆိုနေဆဲ။

သူကျောပိုးအိတ်ကိုပခုံးပေါ်လွယ်ကာ ကားပေါ်ကနေဆင်းတော့ ယောင်လည်လည်နှင့် ကားဂိတ်ထဲမှာ ရပ်နေမိသလို။ ဘယ်ကိုသွားလိုက်ရမှာလဲ ဘာလုပ်လိုက်ရမှာလဲကို မတွေးနိုင်ပဲ ယောင်နနနှင့်။ ဧည့်သည်မဟုတ်သော်လည်း ဧည့်သည်တစ်ယောက်လို ခံစားနေရတာမျိုး။

လာကြိုမည်ဟူသောကိုယ်တော်ချောကလည်း အခုထိပေါ်မလာသေး။ ဘယ်သွားပြီး ဗရုတ်ကျနေပြန်ပြီလဲ။

"ချယ်"

ရုတ်တရက် သူ့ပခုံးကိုတစ်စုံတစ်ယောက်ကသိုင်းဖက်လာပြီး သူ့တစ်ကိုယ်လုံးက နွေးထွေးသောရင်ခွင်ထဲကို ရောက်သွားသည်။ သူဘာမှပြန်မလုပ်နိုင်သေးခင်မှာပင် ထိုသူက သူ့ဆံပင်များကို လက်ကြမ်းကြီးနှင့်ထိုးဖွပစ်လိုက်ပြီးနောက် တဟားဟားအော်ရယ်ပစ်နေ၏။

"ဟဲ့ ဟျွန်ဂျင်း ကောင်စုတ် ငါ့ကိုလွှတ်လိုက်စမ်း။ ကေပျက်တယ် မသာရဲ့"

"အမယ် မြို့ရောက်ပြီးမှ သူက ကဲနေတာ။ အစကတော့ ကိုကိုဟျွန်ဂျင်းရဲ့ ဆံပင်လေးဖွပါဦးဆို"

"တော်စမ်း တော်စမ်း"

သူက စူပုပ်ပုပ်နှင့်ပြောတော့ ဟွမ်ဟျွန်ဂျင်းက ရယ်နေပြီး သူ့ကိုပခုံးဖက်ထားတာမလွှတ်ပဲ သူ့ခြေလှမ်းတွေကိုသာ ဦးဆောင်လာသည်။

"နင့်အဖေသာ နင့်ဆံပင်ကိုမြင်ရင်တော့ သွေးတက်သွားမှာပဲ။ နင့်ပုံစံက ယောကျာ်းလေးဆန်လာလိုက်တာ"

Tom & JerryWhere stories live. Discover now