13

922 127 20
                                    

Unicode version



စိတ်ထဲတွင်ပြည့်နှက်နေသောအရာကို ဖောက်ထုတ်လိုက်ရခြင်းက ရင်ပြည့်နေသောလူတစ်ယောက် လက်ထိုးအန်လိုက်သကဲ့သို့ ပေါ့ပါးသွားတာတော့အမှန်။ သူ့ခေါင်းထဲတွင်အချိန်ပြည့်နေရာယူနေသောကိစ္စကို ဖြေရှင်းကြည့်လိုက်ပြီဆိုတော့လည်း အရင်ကလောက် စိတ်မရှုပ်တော့ဟု ခံစားလာရသည်။

တကယ်ပြေလည်သွားခြင်းမဟုတ်သော်လည်း နှောင်ကြိုးတစ်ခုခုနှင့်ချည်နှောင်ထားတာမျိုးမဟုတ်တော့တာမို့ သူပိုပြီးလွတ်လပ်လာသလိုခံစားနေရ၏။

သည်လိုပြောလို့ မလွမ်းတော့ဘူးဟု မထင်ကြပါနှင့်။ လွမ်းစိတ်သတိရစိတ်ကသက်သက် ထိန်းချုပ်နိုင်ခြင်းဆိုတာကသက်သက်။ အခုက သူ့စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ထားနိုင်ခြင်းသက်သက်သာဖြစ်ပြီး တိုက်ဆိုင်မှုရှိတိုင်းကတော့ သတိရနေတုန်းပင်။

အတူဖန်တီးခဲ့တဲ့အမှတ်တရတွေများတာမို့ တိုက်ဆိုင်တာတွေကလည်း မနည်းမနော။ ထို့ကြောင့် ပြောရရင်တော့ သူ အချိန်တိုင်းလိုလို သတိရမိနေတုန်းပါ။ သို့သော် ထိုအရာကို ထုတ်မပြတော့ပဲ ထိန်းထားနိုင်ပြီဟု သူထင်မိသည်။

ဆေးရုံကိုသွားကြည့်သောနေ့က ဆိုမီ သူ့ကို အချိန်အတန်ကြာအောင် ဆွဲဖက်ထားခဲ့သည်။ သူ့ဘက်က တုန့်ပြန်မှုမရှိသောအခါကျမှ လွှတ်ပေးတော့ သူက သူငယ်ချင်းတွေလိုပြန်နေကြရအောင်ဟု ပြောဖြစ်ခဲ့သည်။

အစကခက်ခဲမည်ထင်ထားခဲ့သော်လည်း တကယ်ရင်ဆိုင်ကြည့်တော့ လွယ်လွယ်လေးရယ်ပါ။ ဆိုမီက စိတ်မကောင်းဖြစ်သွားဟန်တူသော်လည်း သူ့ဘက်က အခြေအနေကို နားလည်ပေးရှာသည်။ သည့်အတွက် အခု သူတို့သူငယ်ချင်းတွေ ဖြစ်နေကြပြီ။

အချို့က သူငယ်ချင်းအဆင့်မှာရပ်တန့်နေရတာကို Friendzone မိသည်ဟုပြောတတ်ကြသော်လည်း သူကတော့ ထိုသို့မတွေးမိ။ သူငယ်ချင်းကနေချစ်သူဖြစ်ရတာက ပိုပြီးနားလည်မှုရှိနိုင်သည်။ သူတို့အကြားတွင်ပြိုပျက်ခဲ့ရသောယုံကြည်မှုကို သူငယ်ချင်းအနေနှင့်မှတစ်ဆင့် ပြန်တည်ဆောက်နိုင်မည်ဟု သူယုံကြည်သည်။

Tom & JerryUnde poveștirile trăiesc. Descoperă acum