21

924 122 20
                                    

Unicode version









ဘယ်ကစားပွဲကိုမှကိုယ်မနိုင်ချင်တော့ပါဘူး

မင်းလက်ကလေးကိုကိုင်ခွင့်ရရင်

ကမ္ဘာကြီးကိုကိုယ်ပိုင်ပြီ..








အစည်းအဝေးခန်းက ဒီနေ့မှ ပျင်းရိစရာကောင်းနေတာ ဘာကြောင့်မှန်းမသိ။ ကုမ္ပဏီ၏လစဉ်အစည်းအဝေးမို့ သူပျော်ရွှင်ရာဂိမ်းဇာတ်ကောင်များဖန်တီးတာမဟုတ်ပဲ စျေးသတ်မှတ်လိုက် ငွေကြေးအကြောင်းတွေပြောလိုက်နှင့် သူ့အတွက်စိတ်ဝင်စားစရာသိပ်မရှိ။

အရင်ကဆို သူစိတ်မဝင်စားတာတောင် အသေအချာလိုက်ပြီးနားထောင်ဖြစ်သော်လည်း အခုကျမှ စိတ်က အလုပ်ထဲတွင်ရောက်မနေပဲ တောင်တွေးလိုက် မြောက်တွေးလိုက်နှင့်။

အရှေ့က အားကြိုးမာန်တက်စကားပြောနေသော သူငယ်ချင်းဖြစ်သူ စီအီးအိုဂျီဟို၏နေရာတွင် ချစ်ရသောလူဆိုးကောင်ကိုမြင်ယောင်နေပြီး သူ့စိတ်ထဲမှလည်း ထိုအစုတ်ပလုတ်လေး၏သီချင်းကို တိုးတိုးလေးညည်းနေမိသည်။ သူ့လက်တွေကတောင် ခုံကို မသိမသာလေး ဘောပင်နှင့်ခေါက်လို့။

အိမ်ပြန်ရောက်ရင် ဘာလုပ်ရမလဲ။ ချယ်ယောင်းဘာတွေကြိုက်တတ်တာလဲ။ စီးကရက်နှင့် ဂီတအပြင် သူကြိုက်တာ တခြားဘာရှိသေးသလဲ။ တကယ်တော့ ချယ်ယောင်းက သူ့အတွက် စာအုပ်ကလေးလို။ နောက်တစ်ခန်းဘာဆက်ဖြစ်မလဲရင်ခုန်ရင်း ဆက်ဖတ်ဖြစ်နေတဲ့စာအုပ်ကလေး။

ချစ်လိုက်ရတာ။ စာအုပ်ကောင်းကြိုက်တဲ့သူက စာအုပ်ကလေးကိုတရှိုက်မက်မက်ဖတ်နေသလိုကို သူ ချယ်ယောင်းကို ချစ်နေမိသည်။ ချယ်ယောင်းနှင့်ပတ်သက်သမျှကို သူသိကြည့်ချင်သည်။ ချယ်ယောင်းရဲ့ဘဝထဲကို သူဝင်ကြည့်ချင်သည်။ ချယ်ယောင်းအတွက် သူဖန်တီးနိုင်တာလေးတွေ ဖန်တီးပေးကြည့်ချင်သည်။

ချယ်ယောင်းရဲ့ နံပါတ်တစ်ပရိသတ်က သူဖြစ်ချင်သလို ချယ်ယောင်းအတွက် အားကိုးရာကလည်း သူပဲဖြစ်ချင်သည်။ ရယ်တော့ရယ်ရသည်။ မပိုင်ဆိုင်ချင်ပါဘူးဟု တဖွဖွပြောနေသည့်ကြားက အတ္တစိတ်သေးသေးကလေးကတော့ နေရာယူချင်လာတာပါလား။ ကိုယ်က သူ့အတွက် အရေးပါချင်လာတာပါလား။

Tom & JerryWhere stories live. Discover now