23

1K 128 41
                                    

Unicode version





မနက်ကိုးနာရီထိုးပြီ နှိုးစက်မြည်တော့မည်။ သူ့လက်က အဆင်သင့်ပင် အိပ်ရာဘေးတွင်တင်ထားသော နာရီကို လှမ်းပိတ်လိုက်သည်။ မျက်စိဖွင့်စရာမလိုအပ်ပဲ အိပ်စက်ခြင်းကို မနှောင့်ယှက်ပါပဲနှင့် ဆက်လက်ပြီး အိပ်စက်နိုင်မည်။

တစ်မိနစ် နှစ်မိနစ် ဆယ်မိနစ်

"သမီးရေ ထတော့လေ"

ကိုးနာရီဆယ့်ငါးမိနစ်ကိုရောက်ပြီဆိုလျှင် မေမေက အခန်းထဲကိုဝင်လာပြီး သူ့စောင်ကိုဆွဲခွါကာ အတင်းခေါက်ပြီး သူမထထအောင် နှိုးလိမ့်မည်။ သူကလည်း အမေကိုချွဲပြီး အိပ်ရာထဲတွင် ဆယ့်ငါးမိနစ်လောက် ထပ်ပြီးအချိန်ဖြုန်းဦးမည်။

ပြီးရင်တော့ ရေချိုးခန်းထဲကို လေးတိလေးကန်ခြေလှမ်းများနှင့်ဝင်သွားကာ မျက်နှာသစ်မည်။ ပြီးတော့ အောက်ထပ်ကိုဆင်းကာ မနက်စာစားရင်း ဖုန်းကလေးဟိုပွတ်သည်ပွတ်နှင့် တစ်နာရီလောက်အချိန်ဖြုန်းမည်။

သူပျောက်နေတာမို့ သူ့ twitter မှာ မန့်တွေ ပလူပျံနေသည်။ သူမရှိတာ သုံးရက်မြောက်ဖြစ်လာပြီမို့ ဘယ်ရောက်နေပြီလဲဟူသည့်သိချင်လိုမှုတွေက များပြားလာပြီ။

ဒါတောင် ဌာနမှူးက နေနိုင်သေးတာလား။ အခုထိ အဆင်ပြေလားဆိုတဲ့စာလေးတစ်ကြောင်းတောင်မပို့ပါပဲနဲ့ သူ့ကိုပစ်ထားနိုင်ရက်တာလား။ ပြန်ချော့တာကိုစောင့်နေတယ်ဆိုတာသိအောင် မောင်လေးပြောသလို hint ချရတော့မှာလား။ ကျူယွိကိုပဲ သွားပြောခိုင်းလိုက်ရတော့မှာလား။

တော်စမ်းပါ ချယ်ယောင်းရယ်။ သိက္ခာကျလိုက်တာ။ ဘာတွေတွေးနေတာလဲ။ သူမှစိတ်မဝင်စားတာ နေပေါ့။ အတင်းဆွဲမထားဘူး။ ငါ့မှာလူတွေပေါလွန်းလို့။

လူတွေပေါလည်း အဲ့တာတွေက အဲ့လူမဟုတ်ဘူးလေ။ သည်လိုတွေးမိပြန်တော့ မတင်မကျဖြစ်နေသောစိတ်က ပိုဆိုးသွားသည်။ ဟုတ်ပါရဲ့နော်။ ငါဘာလို့များ အမြဲတမ်း ငါအလိုရှိတဲ့သူတွေကို မရနေတာလဲ။ ကျူယွိပြောသလို နှစ်ယောက်စလုံးကိုမရနိုင်တာကို လောဘကြီးမိလို့ ဘုရားသခင်ကဒဏ်ခတ်နေတာလား။

Tom & JerryWhere stories live. Discover now