5

1K 129 4
                                    

Unicode version






အညိုရောင်ဖျော့ဖျော့နောက်ခံတွင် စိမ်းလန်းဖြာနေသော သစ်ပင်ငယ်များနှင့် အသွေးစုံအရောင်စုံပန်းမျိုးစုံတို့က မြေဆွေးနံ့တသင်းသင်းနှင့်အတူ နေရာယူလို့။ မနက်စောစော၏နေခြည်က မှန်ချပ်များမှတစ်ဆင့် ဖြာဝင်နေပြီး မှန်လုံအိမ်ကလေးကို နွေးထွေးစေသည်။

ငွေ့ငွေ့ကလေးပူနေသေးသောကော်ဖီခွက်ကိုရှေ့ချထား၍ ဆိုင်ထဲကကောင်တာကိုသာစားပွဲပြုလုပ်ပြီးထိုင်နေသူက သူများပန်းဆိုင်ကို အလည်ရောက်နေသော မီနာ။  သည်နေ့မနက်စောစော သူ့ကိုအင်တာဗျူးရမည်ဟူသောအကြောင်းပြချက်နှင့် မိုမိုနှင့်ဆာနာက ဆင့်ခေါ်တော့ သူ့မှာငြင်းနိုင်စရာ အကြောင်းမရှိခဲ့။

ထုံးစံအတိုင်း ဆာနာကတော့ နောက်ကျမှာ သေချာနေတာမို့ သူရောမိုမိုပါ ရောက်မလာသေးသောသူငယ်ချင်းကို တကူးတကမျှော်မနေမိကြ။ ထို့ကြောင့်လည်း သူက အေးရာအေးကြောင်းထိုင်ပြီး ကော်ဖီသောက်နေချိန်တွင် မိုမိုကတော့ တစ်နေ့တာလုပ်ငန်းဆောင်တာဇယားများအတိုင်း ပန်းပင်လေးများကို ထိုးဆွပေးနေသည်။

"ဒါက Allium တွေလေ။ ဘောလုံးပန်းလေးတွေ ချစ်ဖို့ကောင်းတယ်မလား"

"အွန်း"

"ကံကောင်းစေတဲ့ပန်းလေးတွေပေါ့။ ဒီဘက်ကတော့ sweet pea လေးတွေ။ သူကတော့ လမ်းခွဲရင်အပေးများကြတယ်။ အဓိပ္ပာယ်က ဆာယိုနာရာတဲ့"

"ဪ ဟိုဘက်ကရော"

"ဟဲ့ မီနာ လာရွဲ့မနေနဲ့ အဲ့တာ ဂန္ဓမာတွေ"

"ဆောရီး ဆောရီး"

မိုမိုက စိတ်ပေါက်ပေါက်နှင့်ထဆဲတော့ သူက ရယ်ကျဲကျဲနှင့် တောင်းပန်လိုက်ရသေးသည်။ ဟုတ်သားပဲ ဂန္ဓမာကိုတောင် မမှတ်မိနိုင်တာပါလား။ အဲ့လောက်တောင် စိတ်တွေရှုပ်နေပြီလား။

"သိလား လူတွေကလေ အချစ်ကိုပုံဖော်တဲ့ပန်းဆိုတာနဲ့ နှင်းဆီတွေကိုပဲ ပြေးမြင်ကြတာ။ ငါ့အတွက်တော့ နှင်းဆီက လှပေမယ့်ဆူးတွေနဲ့ဝန်းရံထားပြီး အန္တရာယ်များတယ်။ နှင်းဆီလိုအချစ်တွေက ယစ်မူးဖို့ကောင်းပေမယ့် တစ်ခါတလေမှာ ဆူးစူးမိရင်အဆိပ်သင့်နိုင်မယ်ထင်တယ်"

Tom & JerryOpowieści tętniące życiem. Odkryj je teraz