18

928 120 25
                                    

Unicode version




ဝင်လေ ထွက်လေ ဝင်လေ ထွက်လေ

မျက်စိကိုမှိတ်ထားရင်းက အသက်ရှူနှုန်းကိုပုံမှန်ဖြစ်ဖို့ကြိုးစားပြီး အတတ်နိုင်ဆုံးတောင့်ခံထားနိုင်သမျှ တောင့်ခံထားနေသည်။ သူ့လက်တွေက အနည်းငယ်ယိမ်းယိုင်ချင်နေပြီ။ သို့သော် သူ့ခြေဖျားတွေကို သူချမပစ်ချင်သေး။ မိနစ်နည်းနည်းလောက်ပိုနေနိုင်ရင် ပိုပြီးများ စိတ်တည်ငြိမ်နိုင်မှာလား။

Tinggggggg

သတ်မှတ်ချိန်ပြည့်သွားပြီမို့ plank အနေအထားမှထကာ ဖြည်းညင်းစွာ ပြန်ထိုင်လိုက်တော့ တစ်ကိုယ်လုံးက အကြောအချင်တွေ ပြေလျော့ကုန်သလို။ သည်လိုဆိုတော့ အများကြီးနေလို့ကောင်းသွားတာပဲ။

သည်နေ့က ပိတ်ရက်မို့ သူအလုပ်သွားစရာမလို။ ထို့ကြောင့် မနက်စောစောကို အိမ်တွင်း work out လုပ်ရင်း စတင်ဖြစ်ခဲ့သည်။ လေ့ကျင့်ခန်းတွေထဲမှာ Planking ကို သဘောအကျဆုံး။ Balance ကို အဓိကထားပြီး ဟန်ချက်ညီညီထိန်းရတာမို့ သူ့အတွက် သက်တောင့်သက်သာလည်းရှိပြီး စိတ်ကိုပါတည်ငြိမ်စေသည်ဟု သူထင်သည်။

သူက Yoga map ကို ပြန်သိမ်းကာ တစ်နေ့တာအတွက် လေ့ကျင့်ခန်းလုပ်ခြင်းကို အဆုံးသတ်လိုက်၏။ သည်လောက်ဆို တစ်နေ့တာကိုရှင်သန်ဖို့ ခွန်အားလုံလောက်ခဲ့ပါပြီ။ အခုတလော အရင်ကထက်စာလျှင် စိတ်ပိုင်းဆိုင်ရာဘက်ကို ပိုဂရုစိုက်ဖြစ်သည်။ ထို့ကြောင့်လားတော့မသိ။ နေရတာအများကြီးပိုကောင်းလာပြီး အဆင်ပြေလာသည်ဟုထင်မိသည်။

သူက အခန်းထဲမှထွက်လာပြီး မီးဖိုဘက်ကိုလျှောက်လာကာ ကော်ဖီဖျော်ဖို့ပြင်၏။ ခုံပေါ်တွင်ချထားသော ဆင်တူခွက်ကလေးနှစ်လုံးကိုကြည့်တော့ ပြုံးမိပြန်သည်။ နှာခေါင်းရှုံ့တိုင်း ကျားကလေးနှင့်တူလို့ သူဝယ်လာပေးထားတဲ့ ကျားပုံလေးပါသည့်ခွက်ကလေးက သူ့ကိုသွားအဖြဲသားနှင့်ရယ်ပြလို့။

ချယ်ယောင်းကတော့ ထိုခွက်ကို နို့သောက်ရာတွင် အသုံးပြုလေ့ရှိပြီး သူကတော့ ကျားနေရာတွင် ပင်ဂွင်းဖြစ်သွားသော ဆင်တူခွက်အဖြူရောင်ကလေးကို ကော်ဖီသောက်ရာတွင် အသုံးပြုသည်။

Tom & JerryWhere stories live. Discover now