8

1K 126 15
                                    

Unicode version




နံဘေးနားတွင် တုန်ခါအော်မြည်နေသောဖုန်းသံကအဆက်အပြတ်။ အာ ဘာလဲကွာ။ ညက သီချင်းရေးရင်း နောက်ကျသွားတာမို့ အိပ်ရာက မထချင်သေး။ အတန်းလည်းမရှိတာမို့ အေးအေးဆေးဆေးအိပ်မည်ဟု ကြံနေကာကျမှပဲ ဖုန်းကမြည်တော့သည်။

"ဟယ်လို"

"ချန်း"

"..."

ရုတ်တရက် အိပ်ချင်စိတ်က ဘယ်ပျောက်သွားမှန်းမသိ။ ဒီအသံက သူလုံးဝမေ့နိုင်စရာမရှိတဲ့အသံလေး။ တိုးဖျော့နေသော်လည်း အရင်လို နူးညံ့နေဆဲ။ မကြားရတာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ။

"ချန်း ဖုန်းမချပစ်လိုက်ပါနဲ့နော်"

တောင်းပန်တိုးလျှိုးမှုစွက်နေသောအသံလေးကြောင့် သူ့မှာကြက်သေသေနေရာကနေ သတိပြန်ဝင်လာသည်။ ဘာလို့ဖုန်းဆက်ရပြန်တာလဲ။ ဘာကိုလိုချင်တာလဲ။ ထားခဲ့ပြီးပြီဆိုမှတော့ ဘာလို့ပြန်ဆက်ဆံနေရတာလဲ။

"နားရောထောင်နေရဲ့လားဟင်"

"အင်း"

သူက လေသံလေးနှင့်ပဲဖြေလိုက်တော့ တစ်ဖက်ကသက်ပြင်းချသံကို ပီပီပြင်ပြင်ကြားလိုက်ရ၏။ မဟုတ်သေးဘူး ဆွန်းချယ်ယောင်း နင် ငိုင်နေရမှာမဟုတ်ဘူး။ တစ်ခုခုပြန်ပြောလေ။ ပြန်ဖြေတဲ့အသံက အက်ကွဲနေမလား။ အိပ်ချင်မူးတူးလို့ပဲထင်လောက်ပါတယ်။ အများကြီးမတွေးနဲ့ ဖြေလိုက်တော့။

"ဘာကိစ္စရှိလို့လဲ"

"ဪ နင်လက်ထပ်သွားပြီဆိုလို့။ မကြီးပြောတာ"

"အင်း"

"ဂုဏ်ယူပါတယ်ဟာ"

တော်ပါတော့။ နင်ကဘာတွေဖြစ်ချင်နေတာလဲ။

"ဘာကိစ္စရှိလို့လဲ"

သူထပ်မေးတော့ ဆိုမီက ခပ်တိုးတိုးပြန်ဖြေသည်။

"နင့်အတွက် မင်္ဂလာဆောင်လက်ဖွဲ့အနေနဲ့ ငါတို့ရထားတဲ့လက်မှတ်တစ်ခုပြန်ပေးချင်လို့ပါ။ ဒီည Octagon မှာ ငါတို့တီးဖို့ရှိတယ်။ ငါတို့အစား နင်တို့ပဲသွားပေးလိုက်ပါ"

"ဘာ"

"မငြင်းနဲ့ မငြင်းပါနဲ့ဟာနော် ငါကလက်ဖွဲ့ပေးတယ်လို့ သဘောထားပေးပါ"

Tom & JerryWhere stories live. Discover now