29

1.1K 132 32
                                    

Unicode version





ရာသီဥတုကပါ သူ့ဘက်မှာရှိမနေသည့်အလား သူစိတ်တွေက မှိုင်းညှို့နေသော်လည်း နေအရှိန်ကတော့ ခပ်ပြင်းပြင်းတောက်လောင်လို့။ သူက သစ်ပင်ရိပ်တွင်ရပ်နေသော်လည်း အပြင်ကအပူကြောင့် ရင်ထဲကအပူကပါ နှစ်ဆတိုးရသည်။

လေပြည်နုသွေးက သူ့ပတ်လည်တွင်ဖြတ်ပြေးနေရင်း သူ့ကိုပွတ်သပ်ကျီစယ်ဆော့ကစားနေသော်လည်း သူ့ရင်ထဲကအပူမီးကိုတော့ ငြှိမ်းသတ်ပေးဖို့မတတ်နိုင်ရှာ။ သူ့မှာ ပခုံးတစ်ဖက်တွင်ချိတ်ထားသော ကျောပိုးအိတ်ကြိုးကိုသာ ခပ်တင်းတင်းဆွဲရပ်ရင်း သူစောင့်မျှော်နေသောသူ ပေါ်လာရန် စောင့်ဆိုင်းနေရ၏။

သူ့ခေါင်းပေါ်ကသစ်ပင်ကြီးကိုမော့ကြည့်မိတော့ သူတန်ဖိုးမထားခဲ့မိသည့်နေ့ကို ပြန်ပြောင်းသတိရကာ ငိုချင်လာသလိုလို။ သူတို့ လက်ထပ်ခဲ့ကြတုန်းကလည်း သည်လိုသစ်ပင်အကြီးကြီးရဲ့အရိပ်အောက်မှာမဟုတ်လား။

အဲ့သည့်နေ့က ထိုအမျိုးသမီးက သူမြင်တွေ့ဖူးသမျှထဲတွင် အလှဆုံးသတို့သမီးလေးဖြစ်နေခဲ့တာကိုပြန်တွေးမိတော့ ငိုချင်သည့်ကြားမှ ပြုံးမိပြန်သည်။ ထိုအမျိုးသမီးကို သူခြောက်လတာ ပိုင်ဆိုင်ခဲ့ရသည်တဲ့လေ။

တကယ်ပိုင်ဆိုင်တာမဟုတ်ရင်တောင် အများအမြင်မှာ ပိုင်ဆိုင်ခဲ့ရတာပဲ။ သည်လောက်ဆိုရင်ကို လုံလောက်နေပါပြီ။ သူတို့မှာလည်း နှစ်ယောက်တည်းအမှတ်တရတွေ အများကြီးရှိခဲ့ကြတာပဲ။

အမှတ်တရတဲ့။ တကယ်တော့ သူ့မှာ ဌာနမှူးနဲ့ပတ်သက်ရင် အလေးမထားမိတာမို့ အမှတ်တရဆိုလို့ အခုနောက်ပိုင်းရက်များသာရှိ၏။ ရှိတုန်းကတန်ဖိုးမထားမိပဲ ဝေးသွားမှနောင်တရတတ်ကြသည်ဆိုတဲ့စကားက ဒီလောက်မှန်ကန်မည်ဟု သူလုံးဝတွေးထင်မထားခဲ့ဖူးတာ အခုတော့ မျက်ဝါးထင်ထင် ကိုယ်တိုင်ကြုံမှ အရူးမီးဝိုင်းဟူသည့်စကားကိုပါ သင်ယူတတ်ခဲ့တာမျိုး။

ဌာနမှူးက သူ့ကိုစိတ်ကုန်သွားခဲ့တာလား။ သူ့ကို လက်လျှော့လိုက်တာလား။ သူ့ကို မချစ်တော့ဘူးလား။ ဌာနမှူး သူ့အပေါ် ဘယ်လောက်သည်းခံပြီး ဘယ်လောက်တောင်လုပ်ပေးခဲ့သလဲဆိုတာတွေကို ပြန်တွေးကြည့်မိတော့ ဌာနမှူးက သူ့အပေါ် အတော်ချစ်ပေးခဲ့တာပဲဆိုတာကို မြင်နိုင်လာသည်။

Tom & JerryWhere stories live. Discover now