Extra Story Ep 3

1K 70 58
                                    

Unicode version





ဆရာဝန်တွေက နာကျင်မှုဒီဂရီကိုတိုင်းတာတဲ့အခါ လူနာကို ၁ကနေ၁၀ အထိ သတ်မှတ်ပေးထားပြီး ဘယ်လောက်လောက်နာကျင်နေသလဲလို့ မေးလေ့ရှိတယ်တဲ့။ တကယ်လို့ သူ့ကို အခုနာကျင်မှုပမာဏအကြောင်းလာမေးလျှင် ၉ ဟုဖြေမိမှာ အသေအချာပါ။

ကိုယ်ချစ်ရတဲ့လူကို ကိုယ်စွန့်ပစ်မှဖြစ်မယ်ဆိုတဲ့စာရင်းရဲ့ထိပ်ဆုံးမှာ နာမည်ချရေးလိုက်ရတဲ့အခါ ရင်ကွဲစရာဝေဒနာလှိုင်းလုံးကြီးက ရင်ဘတ်ထဲမှာ အရှိန်ပြင်းပြင်းဝင်ဆောင့်သည်။ ချစ်ရတဲ့သူက ကိုယ့်ကိုထပ်တလဲလဲနာကျင်စေလို့ပဲဖြစ်ဖြစ် ကိုယ့်အတွက်သင့်လျော်တဲ့လက်တွဲဖော်မဟုတ်လို့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် လက်လွှတ်ဖို့ဆုံးဖြတ်ရတဲ့အချိန်ဆိုတာ အခက်ခဲဆုံးအချိန်တစ်ခုပါပဲ။

ဒီထက်ပိုပြီးနီးစပ်မလာနိုင်တော့ဘူးလို့လက်ခံလိုက်ရတဲ့အခါ ဒါမှမဟုတ် ဒီထက်ပိုပြီးမဝေးခင်ရပ်တန့်လိုက်တာကောင်းမလားလို့တွေးမိတဲ့အခါ နေ့ရက်တိုင်းမှာ အခါခါသေရပြီး အရှင်လတ်လတ် ငရဲမှာ အကြိမ်ကြိမ်ပြန်ဝင်စားရသည်။ ချစ်ရတဲ့သူနှင့်ကွေကွင်းရခြင်းလောက် ဆိုးရွားတဲ့လောင်မြိုက်ခြင်းမျိုး ဘယ်မှာရှိမှာလဲ။

အခုဆိုလျှင် သည်လိုနေ့ရက်တွေကို သူတစ်ယောက်တည်း အရူးတစ်ယောက်လိုဖြတ်ကျော်လာခဲ့တာ ဒီနေ့ တစ်လပြည့်ခဲ့ပြီ။ သည်ကြားထဲမှာ သူ့ကိုယ်သူမအားလပ်ရအောင် အလုပ်များနှင့်ရှုပ်ထားလိုက်ပြီး တစ်ခုမဟုတ်တစ်ခုကို အာရုံစိုက်ဖို့ ကြိုးစားထားလိုက်သည်။ အနည်းဆုံးတော့ ဆွန်းချယ်ယောင်းအကြောင်းကို မတွေးမိဘူးပေါ့လေ။

ပြီးတော့ သူ့အနားမှာလည်း လူအသစ်တွေရှိနေသည်ဟုပြောရမည်။ ဘန်းဘန်းနှင့်က အရင်လိုဆက်ဆံရေးမျိုးမဟုတ်သော်လည်း အရမ်းစိမ်းကားနေသောဆက်ဆံရေးလည်းမဟုတ်။ ဘန်းဘန်းက သူနှင့်ပတ်သက်လျှင် အရမ်းထိလွယ်ရှလွယ်ဖြစ်နေသေးတာမို့ သူ့ဇာတ်လမ်းကိုကြားရပြိးနောက် ချယ်ယောင်းဆန့်ကျင်ရေးဘက်တော်သားတစ်ယောက်ဖြစ်လာခဲ့သည်။

သူပြောလည်းပြောချင်စရာပဲလေ။ သူ့တုန်းက တန်ဖိုးခဲ့ ချစ်ပေးခဲ့သော အမျိုးသမီးလေးကို ပိုင်ဆိုင်ထားရပါလျက်နှင့် အခုလိုအမျိုးမျိုးလုပ်ပြနေတာကို ဘယ်သူက ထိုင်ကြည့်နိုင်မှာလဲ။ ဘန်းဘန်းအမြဲပြောနေကျကတော့ နင့်ကိုဆွန်းချယ်ယောင်းကမကြိုက်ဘူး မေ့လိုက်တော့ ဟူသည့်စကားပင်။

Tom & JerryWhere stories live. Discover now