25

1K 135 21
                                    

Unicode version





"ဌာနမှူးကို ဒီလိုမေးရတာအားနာပေမယ့် မဟုတ်မှလွဲရော သမီးနဲ့တွဲနေတာများလား"

ရုတ်တရက် သည်လိုမေးခွန်းမျိုးကိုကြုံတွေ့ရမည်လို့ သူဘယ်တုန်းကမှ မတွေးထင်ခဲ့ဖူးပါ။ သူက ဒူးတုပ်ထိုင်နေရင်းမှ ချယ်ယောင်းမိဘများကို ခိုးကြည့်တော့ အဖေနှင့်အမေက သူ့ကိုရုပ်တည်ကြီးများနှင့်သာစိုက်ကြည့်နေပြီး သူဘာပြောလာမလဲဆိုတာကို စောင့်ဆိုင်းနေကြဟန်နှင့်။

ဘယ်လိုဖြေရှင်းလိုက်ရမလဲ။ အမှန်အတိုင်းပဲပြောတာ ကောင်းမယ်ထင်ပါရဲ့။ ရိုးသားမှုက ဆက်ဆံရေးကောင်းတွေကို ဖန်တီးပေးနိုင်တယ်မဟုတ်လား။

"ဟုတ် ဒီလိုပြောရတာ အားနာပေမယ့် ချယ်ယောင်းကို သဘောကျပါတယ်"

"တို့က ဒီလိုသဘာဝနဲ့ဆန့်ကျင်တာတွေကို သဘောမကျဘူးကွ"

သူဘာပြန်ဖြေရမှန်းမသိခဲ့ပါ။ သည်အတိုင်းပဲခေါင်းငုံ့နေလိုက်လျှင်လည်း ချယ်ယောင်းကိုပါ ပြောနေမှာစိုးရိမ်ရသေးသည်။

"တကယ်က ချယ်ယောင်းလေးက လိမ္မာပါတယ်။ သူနဲ့ကချစ်သူတွေမဟုတ်ပါဘူး။ ဒီအတိုင်း သူ့ကိုသဘောကျလို့ လိုက်ပြီးဂရုစိုက်ပေးနေမိတာပါ။ တောင်းပန်ပါတယ်"

သူက တကယ်ဦးညွှတ်ပြီးတောင်းပန်လိုက်တော့ အဖေဖြစ်သူက သက်ပြင်းချ၏။

"သမီးကိုစိတ်မချဘူး။ သူက ကလေးစိတ်ပဲရှိသေးတော့ ထင်ရာစိုင်းချင်တာ။ အမြဲတမ်း အနောက်ကလိုက်ကြည့်ပေးနေရတယ်။ အဲ့တာကို သမီးကတော့ ချုပ်ချယ်တယ်ထင်ပြီး အထင်လွဲနေတယ်ထင်တယ်"

"သူကြိုက်တာလေးတွေပဲလုပ်နေတာပါ ဆိုးသွမ်းပျက်စီးနေတာတော့မဟုတ်ပါဘူး"

သူက ဖာဖာထေးထေးဝင်ပြောတော့ အဖေနှင့်အမေက ခေါင်းညိတ်သည်။

"တကယ်ဆိုရင် သမီးမှာက ဂီတပါရမီပါလာတာသိပါတယ်။ ဒါပေမယ့် ဂစ်တာတီးလိုက် လျှောက်သွားလိုက်နဲ့  ပျက်စီးသွားမှာပဲစိုးရိမ်တာမို့ တားခဲ့ရတာ။ သူက တစ်မျိုးမြင်တယ်ထင်တယ်"

"ဟိုနေ့က သားငယ်က သမီးတို့တီးထားတာဆိုပြီး လာပြတယ်။ ကောင်းပါတယ်"

Tom & JerryWhere stories live. Discover now