Ep-1

25.8K 737 0
                                    

အခန်း ၁. လင်းယွန်​တောင်​​ပေါ်မှ နှလုံးကြွေကွဲခြင်း
.................

"စွက်​!!!"
အေးစက်​တဲ့ ​​အလင်း​ရောင်ဟာ အသားနဲ့ အရိုး​တေကို ခုတ်​ထစ်​ပိုင်းဖြတ်​လိုက်​တဲ့အသံနဲ့ အတူတကွ ထွက်​​ပေါ်လာတယ်​။ ​သွေး။ အနီ​ရောင်​ ​တောက်​ပ​နေတဲ့​ ​တွေဟာသွေးစက်​ဖြူဖွေး​နေတဲ့ နှင်း​တွေအ​ပေါ်ကို ပြန့်​စင်​သွားတယ်​။

သွေးတွေရဲ့မလှမ်းမကမ်းမှာ​တော့ အရမ်းချော​မောလှပတဲ့ မိန်းမလှ​လေးတစ်​​ယောက်​ဟာ ထက်​မြတ်​စူးရှတဲ့ဓားတစ်​လက်​ကိုကိုင်​ထားပြီး မတုန်မလှုပ်​​မတ်​တပ်​ရပ်​​နေခဲ့တယ်​။ သူမဟာကိုယ်တိုင်​နုတ်​ယူခဲ့တဲ့ ရန်​သူ​တွေရဲ့အသက်​မရှိ​တော့တဲ့ခန္ဓာ​တွေကို ​အေးစက်​စွာကြည့်နေတယ်​။ သူမရဲ့ဖြူဖျော့ပီး တည်​ငြိမ်​​နေတဲ့မျက်​လုံး​တွေထဲမှာ ဘာခံစားမှုမျှမရှိ​ပေ။

ဆောင်းတွင်းဖြစ်​​သော်​ငြားလည်း သူမဟာ ပါးလွှာတဲ့ဝတ်​စုံရှည်​ကိုပဲဝတ်​ဆင်​ထားတယ်​။ သူမရဲ့အဖြူ​ရောင်​၀တ်​စုံဟာ ​ရန်သူရဲ့​​သွေးများ​ကြောင့်​ ကြက်​​သွေး​ရောင်​ဆိုးထားသကဲ့သို နီရဲ​နေတယ်​။

သူမရဲ့​ခြေ​ထောက်​​ဘေးမှာ​တော့ အ​ရေအတွက်​ ၁၀၀ နီးနီး ရှိတဲ့ အ​လောင်း​တွေဟာ နှင်း​တွေပေါ်မှာအပုံလိုက်​ထပ်​လျက်​ရှိ​နေတယ်​။ လူ​သေ​တွေထဲကထွက်​လာတဲ့ ​သွေး​တွေဟာလည်း သူမရဲ့အနားမှာရှိတဲ့​နှင်း​တွေ ကို အနီ​ရောင်​အဖြစ်​​ပြောင်းလဲ​စေခဲ့တယ်​။

သို့​ပေမယ့်​....

ဤအရာများမှာ အဆုံးသတ်​မဟုတ်​​သေး​ပေ။

မိန်းက​လေး ဟာ သူမရဲ့ မျက်​လုံး​တွေကို အနည်းငယ်​ပင့်​ကာကြည့်​လိုက်​တယ်​။ သူမရဲ့ဖြူ​ဖျော့နေ​ပေမယ့်​လှပ​နက်​​မှောင်​တဲ့သူမမျက်​လုံး​တွေနဲ့ သူမအ​ရှေ့က ​လောဘရမ္မက်​များဖြင့်​ကြည်​​နေ​သည့်​ထောင်​​သောင်းမက များပြားပြီး ​မိုင်​​ပေါင်း​ရာချီ အထိဝိုင်းထား​သော လူအုပ်​ကြီးကို ဖြတ်​ကနဲကြည့်​လိုက်​သည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now