Ch-103

920 80 1
                                    

Unicode
...

အခန်း ၁၀၃. ပုံရိပ်နယ်မြေစည်း(၁)

အတွင်းအားအမြစ်ကိုစစ်ဆေးပြီးနောက်မှာ တကယ့်စစ်ဆေးမှုစတင်လေသည်။ ကောင်းကင်တက်လမ်းကိုတက်သောသူနောက်ဆုံးမှနေ၍ စဉ်သောကြောင့်ယဲ့ကျင့်ထန်သည်နောက်ဆုံးမှဖြေရမည်ဖြစ်လေသည်။

ဂိုဏ်းဝင်ခွင့်စစ်ဆေးခြင်းကို တာဝန်ယူထားသောထိုလူလတ်ပိုင်းအရွယ်လူကြီးသည် အားလုံးကိုခြံဝန်းအပြင်ရှိနေရာတစ်နေရာကိုခခေါ်ဆောင်သွားလေသည်။ ထိုနေမှာတိမ်လွှာများအထက်တွင် တည်ဆောက်ထားသောကြောင့်ထူးခြားနေလေသည်။

ဘားဟွားအလံများသည် ထိုခြံဝန်းအားနံရံများသဖွယ်ကာ ရံထားလေသည်။ ထိုအလံများမှာအမြင့်၄မီတာခန့်ရှိပြီး တစ်ခုနှင့်တစ်ခုကပ်လျှက်ထောက်ထားလေသည်။ ထိုစည်းအတွင်းထဲမှာဘာရှိသလဲဆိုတာတော့ လုံးဝမမြင်ရပေ။

ထိုလူကြီးမှာလက်နောက်ပစ်ကာ စာမေးပွဲလာရောက်ဖြေဆိုသောသးများကိုစိုက်ကြည့်နေလေသည်။ သူတို့သည်လည်းစကားပြောနေကြသည်ကို ရပ်လိုက်ကာတိတ်တဆိတ်နေနေကြလေသည်။

"ဒီဟာကပုံရိပ်နယ်မြေစည်းပဲ။ အားလုံးတစ်ယောက်ချင်းစီဝင်ဖို့လိုတယ်"

"ပုံရိပ်နယ်မြေစည်း?"

ထိုလူကြီးစကားဆုံးသွားသောနောက် ကျောင်းသားလောင်းများအချင်းချင်းကြားထဲတွင် ဆွေးနွေးတွတ်တီးသံများညံသွားလေသည်။ ဒီပုံရိပ်နယ်မြေစည်းဆိုတာကိုမသိကြသော်လည်း ဂိုဏ်းဝင်ခွင့်စစ်ဆေးခြင်းဖြစ်တယ်ဆိုသည့်အတိုင်းလွယ်ကူလိမ့်မည်မဟုတ်ကြောင်း သူတို့ရှင်းလင်းစွာသိကြလေသည်။

"ဦးကြီးခင်ဗျ ကျတော်တို့ဝင်ခွင့်အောင်ဖို့ စည်းကိုဖျက်စီးဖို့လိုအပ်ပါသလားခင်ဗျ?" လူတိုင်းသိချင်နေကြသောမေးခွန်းအား လူငယ်တစ်ယောက်မှထမေးလေသည်။

လူလတ်ပိုင်းလူကြီးသည်ခေါင်းခါလိုက်လေသည်။

"မင်းတို့စည်းကိုဖျက်စီးနိုင်ရင်တောင် အကောင်းဆုံးပေါ့။ မလုပ်နိုင်ရင်ကဆော့ မင်းတို့ဒီစည်းထဲမှာဘယ်လိုအခြေအနေရှိလည်းဆိုတာပဲ ငါတို့ကြည့်ကြတာပေါ့"

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now