Ch-74

1.5K 156 1
                                    

Unicode

အခန်း ၇၄. ပိုးပန်းခြင်း(၃)

"ထန်ထန် အိမ်တော်ရှေ့ခြံဝင်းကိုမြန်မြန်သွားပြီး တစ်ယောက်ယောက်ကိုသွားခေါ်ခဲ့! ကိုအချိန်ဆွဲထားမယ်!" ဟုဒဝမ်ထျန်းယောင်သည်ပြောလေသည်။

ယဲ့ကျင့်ထန်သည်ကြောက်ချင်ဟန် ဆောင်နေသော်လည်းသူမမျက်လုံးထဲတွင်အေးစက်ကာလှောင်သည့် အကြည့်များသာရှိလေသည်။

အနက်ရောင်ဝတ်ထားသောလူလေးယောက်နှင့် ဒဝမ်ထျန်းယောင်တို့သည်ဆက်တိုက် တိုက်ခိုက်နေကြသော်လည်း ဒဝမ်ထျန်းယောင်တွင်ထိခိုက်မှုတစ်စုံတစ်ရာမရှိပေ။ သူတို့သည်သူ့အားမနိုင်ဘူးဟုတွေးမိလိုက်ကာ ဒဝမ်ထျန်းယောင်သည်ကြွားဝါ၍မျက်နှာယူဖို့အခွင့်အရေးရှာလေတော့သည်။

ယဲ့ကျင့်ထန်သည်သူတို့၏ အစွမ်းအစအကုန်ထုတ်မသုံးပဲနေနေသောထိုလူလေးယောက်အားအေးစက်စွာကြည့်လိုက်ပြီး သူမထိုလူများထဲမှတစ်ယောက်အားလက်ဖြင့် အချက်ပြကာရက်ရက်စက်စက်တိုက်ခိုက်ရန်အမိန့်ပေးလိုက်လေသည်။

စိုးရိမ်မှုများရှိနေသောထိုလူလေးယောက်သည် ယဲ့ကျင့်ထန်၏အချက်ပြမှုကိုမြင်သောအခါ သူတို့၏တိုက်ခိုက်ပုံအားလုံးဝပြောင်းလဲလိုက်လေသည်။

တခဏအတွင်းကောင်းကောင်းမွန်မွန်တိုက်ခိုက်နေနိုင်သော ဒဝမ်ထျန်းယောင်သည်သူ့အားသာနေသည်မှ တစ်ကိုယ်လုံးဒါဏ်ရာများဖြင့်ပြည့်နက်သွားလေသည်။

တိုက်ခိုက်နေသောအသံများသည်တ တဖြေးဖြေးကျယ်လာကာအိမ်နောက်ခြံဝင်းထဲမှအပြင်ဘက်သို့ ပျံ့လွှင့်သွားလေသည်။ အိမ်တော်အရှေ့ဘက်မှမီးရောင်းများ တဖြေးဖြေးသူတို့ရှိရာသို့နီးကပ်လာသည်ကိုတွေ့သောအခါ တိုက်နေသောအသံများကိုအိမ်တော်ရှေ့ဘက်ရှိလူများမှသတိထားမိသွားကြောင်းယဲ့ကျင့်ထန်သိလိုက်ရလေသည်။

ထို့နောက်ယဲ့ကျင့်ထန်သည် သူမှမျက်လုံးများမှအေးစက်မှုများအားလုံးအားဖယ်ရှားလိုက်ပြီး သူမမျက်နှာပေါ်ရှိထိတ်လန့်မှုအားပို၍ပေါ်အောင်ပြုလုပ်လေတော့သည်။

ဒဝမ်ထျန်းယောင်ဘာကြောင့် ထိုလူလေးယောက်သည်ရုတ်တရက်အစွမ်းထက်လာသည်ကိုလုံးဝမသိပေ။  သူသည်အလွှန် "ထိတ်လန့်" နေသောယဲ့ကျင့်ထန်အားလှမ်းကြည့်လိုက်ကာ သူခန္ဓာကိုယ်ပေါ်တွင်ဒါဏ်ရာများဖြင့် ဟိတ်ဟန်တောင်မဆောင်နိုင်တော့ဘဲ စုတ်စုတ်ပျက်ပျက်ဖြင့်သာပြန်တိုက်ခိုက်နိုင်တော့လေသည်။ "ထန်ထန် လူတွေကိုမြန်မြန်သွားခေါ်! ဒီလူတွေကမင်းကိုသတ်ဖို့လာတာ!" ဟုပြောလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now