Ep-59

2.1K 271 4
                                    

Zawgyi

အခန်း ၅၉. စကားပြန်​​ပြောခြင်း(၂)
.....

ယဲ့ကျင့်​ထန်​သည်​အကြီးကဲအားကြည့်​လိုက်​ပြီး
"အကြီးကဲ ကျမကယဲ့အိမ်​​တော်​အရှင်​သခင်​​နေရာကို ဆက်​ခံရမယ့်​သူပါ။ တခြားသူ​တွေကိုဘယ်​လို​ပြောဆိုဆက်​ဆံရမယ်​ဆိုကို ရှင်​လာသင်​​ပေး​နေစရာမလိုဘူး"ဟု ခနဲ့သည့်​​လေသံဖြင့်​​ပြော​လေသည်​။

အကြီးကဲသည်​ချက်​ချင်း မျက်​နှာပျက်​သွား​လေသည်​။

"ထန်​ထန်​ရယ်​....အထင်​မလွဲပါနဲ့။ ငါတို့ကအ​ဖေ့ကို ငါတို့ယဲ့အိမ်​​တော်​ရဲ့​သေစ္စာ​ဖောက်​ကို စိတ်​ထား​ကောင်း​ကောင်းနဲ့ ကူပြီးရှင်းအပြစ်​​ပေးချင်​ရုံသက်​သက်​ပါ" ယဲ့ရွှန်းသည်​အတင်းစကား​ပြောယူပြီး လူ​ကောင်း​ယောင်​​ဆောင်​​လေသည်​။

ယဲ့ကျင့်​ထန်​သည်​ ယဲ့ရွှန်း၏ရွံ့စရာ​ကောင်း​သောမျက်​နှာအားကြည့်​ပြီး

"အ​ဖေဟုတ်​လား ယဲ့ရွှန်း နင်​ကအခုထိ နင်​ဘယ်​သူဆိုတာကိုမရှင်း​သေးဘူးလား နင့်​ကိုယ်န​င်​ဘာထင်​​နေလဲ ငါ့အ​ဖေကိုဘယ်​လိုသတိမျိုးနဲ့ အ​ဖေ လို့လာ​ခေါ်​နေတာလဲ ငါတို့ယဲ့အိမ်​​တော်​ဟုတ်​လား ယဲ့အိမ်​​တော်​ကနင်​နဲ့ ဘယ်​လိုများ​ဆွေမျိုး​တော်​စပ်​လို့လဲ?" ဟု​ပြော​လေသည်​။

"..."

ယဲ့ကျင့်​ထန်​၏စကားများသည်​ စူးရှထက်​မြက်​​သောဓားများကဲ့သို့ ဖြစ်​ကာ ယဲ့ရွှန်း၏သိက္ခာနှင့်​ရပ်​တည်​ချက်​အကုန်​လုံးအား လှီးထုတ်​ခွာချပြစ်လိုက်ေ​လသည်​။ ယဲ့ရွှန်းကဲ့သို့မာယာများသည်​ သူပင်​မျက်​နှာများဖြူ​ဖျော့သွားပြီး သူမမျက်​နှာ​ပေါ်တွင်​ကျိတ်​မှိတ်​၍ပင်​မပြုံးနိုင်​​သော​ပေ။

"ယဲ့ကျင့်​ထန်​ မင်​စကား​တွေကပြင်းထန်​လွန်းတယ်​။ ယဲ့ရွှန်းကငယ်​ငယ်​ထဲကယဲ့အိမ်​​တော်​မှာပဲကြီးပျင်းခဲ့ပြီး ယဲ့အိမ်​​တော်​အတွက်​အ​ကောင်းဆုံးကိုပဲ သူလိုချင်​မှာပဲ​လေ။ သူမ​ကောင်း​စေချင်​တဲ့သ​ဘောနဲ့​ပြောတာကို မင်းမ​မောက်​မာသင့်​ဘူး" ဒဝမ်​ထျန်း​ယောင်​သည်​သတိပြန်​ဝင်​လာပြီး​နောက်​ ယဲ့ရွှန်းအားကာကွယ်​​ပေး​လေသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now