Ep-20

3.4K 443 4
                                    

ဒီ​နေ့၅ပိုင်းတင်​​ပေးလိုက်​တယ်​​နော်​ ​နောက်​ဆိုtimetable​လေး သတ်​မှတ်​ပြီး ၁ပတ်​ကို၂ရက်​တင်​​ပေးမယ်​​နော်

Paid gpမှာ​တော့​နေ့တိုင်းလိုလိုတင်​​ပေးပါတယ်​hee
သာသာတို့​ကကျောင်းသား​ကျောင်းသူ​တွေဆို​တော့ ခုချိန်​မုန့်​ဖိုးလဲပြတ်​​နေ​တော့ အလှူ​တွေလဲလှူချင်​တယ်​​လေအ့​ကြောင့်​ တစ်​ဖက်​တစ်​လမ်းကဝင်​​ငွေ​လေးရ​အောင်​လုပ်​လိုက်​တာပါ

Paid gp​လေးဝင်​ချင်​ရင်​ message boxမှာလာ​ပြောပါ​နော်​ wattpadမှာကလဲ ပုံမှန်​တင်​​ပေးမှာပါ gp​လေးကကျပိုမြန်​တာဘဲရှိပါတယ်​❤❤❤

.......

The Rebirth of Strongest Female Empress
အခန်း ၂၀. က​လေးယူလိုက်ပါလား (၁)

ဆေ့သခင်​ကြီးသည်​ ထူးဆန်း​သောမျက်​နှာအမှုအရာဖြင့်​ ယဲ့ကျင့်​ထန်​အားကြည့်​​လေသည်​။

ဆေ့အိမ်​​တော်​နဲ့ မုစုကြားတွင်​ရှိ​သောဆက်​ဆံ​ရေးကို ယဲ့ကျင့်​ထန်​သိ​လေသည်​။ သူမ၏အရင်​ဘ၀တွင်​ ​​ယဲ့ရို့လက်​ချက်​ဖြင့်​ ​ဆေ့အိမ်​​တော်​ပျက်​စီးသွား​သောအခါ ​ဆေ့အိမ်​​တော်​အတွက်​လက်​စား​ချေဖို့အလို့ငှါ မုစု ​ရောက်​လာ​လေသည်​။ အကယ်​၍ ယဲ့ရို့၏ဆရာသခင်​သာအချိန်​မှီမ​ရောက်​လာခဲ့လျှင်​ မုစုလက်​ချက်​ဖြင့်​ယဲ့ရို့​သည်​အသက်​​ပျောက်ခဲ့မည်​ဖြစ်​သည်​။

မုစုမှာ ရာထူးအဆင့်​မြင့်​ပြီး ထူးခြား​သောဇစ်​မြစ်​ရှိ​သောသူလည်းဖြစ်​သည်​။ ယခုယဲ့ကျင့်​ထန်​၏ အဓိကရည်​မှန်းချက်​မှာသူဖြစ်​သည်​။ ​လောကကိုတုန်​လှုပ်​နိုင်​​အောင်​လုပ်​နိုင်​​သောမုစုလိုလူမျိုးသာလျှင်​ ဂိုဏ်းတစ်​ခုခုထဲသို့ဝင်​နိုင်​ရန်​​ ထောက်​ခံမိတ်​ဆက်​​ပေးနိုင်​မည်​ဖြစ်​သည်​။

ထိုကဲ့သိုဂိုဏ်းတစ်​ခုထဲဝင်​​ရောက်​ခြင်းသည်​သာ ယဲ့ရို့နှင့်​ယှဉ်​ပြိုင်​တိုက်​ခိုက်​ရန်​အတွက်​ အစွမ်းများအားသူမရရှိစု​ဆောင်းနိုင်​မည်​ဖြစ်​သည်​။

"ငါ...ငါ့ကိုစဉ်းစားဖို့အချိန်​​ပေးပါ။ ဒီကိစ္စကို အရှင်​မုစုရဲ့အမြင်​ကိုငါ​မေးကြည့်​ဖို့လိုတယ်​။" ဟု​ဝန်​​လေးစွာ​ဖြေ​လေသည်​။ ယခုကိစ္စမှာ သူတစ်​​ယောက်​တည်းဆုံးဖြတ်​ချက်​ချ၍မ​ရသော အ​ခြေအ​နေဖြစ်​​နေ​လေသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now