Ch-114

688 67 2
                                    

Unicode
...
အခန်း ၁၁၄
...

ယဲ့ကျင့်ထန်သည်သူမခုခံလိုက်သော အလင်းဓားရှည်များဘယ်နချောင်းရှိပြီးလဲဆိုတာကိုသိပင်မသိတော့ပေ။ ကောင်းကင်ထက်ရှိအနီရောင်အလင်းရောင်များနည်းနည်းနည်းနည်းစီ မှေးမှိန်လာပေမယ့်လည်းယဲ့ကျင့်ထန်သည်စိတ်မအေးနိုင်သေးပေ။

သူမသည်ဒီအရာမှာ....မပိတ်လိုက်မချင်း အဆုံးသတ်မရှိပဲဆက်တိုက်တိုက်ခိုက်နေမည်ဖြစ်သော ဓားစက်စည်းဖြစ်ကြောင်းကိုသူမလုံးဝမမေ့ပေ။ 

သူမနောက်ဆုံးဓားရှည်အားတွန်းထုတ်လိုက်ပြီးချိန်တွင် လူလတ်ပိုင်းလူကြီး၏ရုတ်တရက်အော်ပြောလိုက်သံကိုကြားလိုက်ရလေသည်။

"ယဲ့ကျင့်ထန်! ရတဲ့အချိန်ကိုအသုံးချပြီးတော့ အဋ္ဌဂံစင်မြင့်ပေါ်ကနေမြန်မြန်ဆင်းခဲ့!" ဓားစက်စည်းပိတ်၍မရသေးသော လူလတ်ပိုင်းလူကြီးသည် ယဲ့ကျင့်ထန်တစ်ယောက်တည်း ပထမအကြိမ်တိုက်ခိုက်မှုကို ခံခုအောင်မြင်သည်ကို မြင်သည်နှင့်တခြားဘာကိုမှဂရုစိုက်မနေတော့ပဲသူမကို သတိလှမ်းပေးလိုက်လေသည်။

ယဲ့ကျင့်ထန်သည်ဘာမှပြန်ပြောမနေတော့ပဲ အချိန်ကောင်းကိုစောင့်ကာ အဋ္ဌဂံစင်မြင့်ပေါ်ကနေ ထွက်ပြေးလေတော့သည်။

သို့သော်လည်း သူမခြေထောက်များ စင်၏ဘေးဘက်သို့ရောက်သွားသည်နှင့် အနီရောင်အလင်းရောင်များသည် အဋ္ဌဂံစင်မြင့်ဘေးဘက်များမှထွက်ပေါ်လာလေသည်။

ပြင်းထန်သောလေစီးကြောင်းတစ်ခုသည် ယဲ့ကျင့်ထန်ကို ဝင်တိုက်လေတော့သည်။

ချက်ချင်းပင်အဋ္ဌဂံစင်မြင့်ကြီးတစ်ခုလုံး အနီရောင်အရောင်တန်းများဖြင့် အလုံပိတ်သွားလေသည်!

ယဲ့ကျင့်ထန်ရင်ထဲမှအလုံးကြီးမှာ လည်ပင်းချက်ချင်းရောက်လာလေတော့သည်။

ကျောက်တုံးထဲမှဓားသည် နတ်ဆိုးဘုရင်နှလုံးသား၏တည်ရှိမှု ကိုမုတ်ချရှာတွေ့သွားသည်မှာ သေချာလေသည်။ ဒီအချက်ကြောင့်သာမဟုတ်လျှင်ဘာကြောင့် အခုလိုအကွက်မျိုးအသုံးပြုကာသူမကို အဋ္ဌဂံစင်မြင့်ပေါ်တွင် ပိတ်လှောင်ထားဖို့ဇွဲကောင်းနေမည်နည်း?

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now