Ep-112

660 61 1
                                    

Unicode
...
အခန်း ၁၁၂. လမင်းထက်ကကြယ်ခုနစ်စင်း
....

"ဒုက္ခပဲ!!" ဂိုဏ်းအတွင်းတွင် ဓားစက်စည်းစစ်ဆေးမှုကိုကြည့်ရှုနေကြသောလဂိုဏ်းအကြီးကဲလေးယောက်သည် အနီရောင်တောက်တောက်ကိုမြင်လိုက်ကြရသောအခါ ရုတ်တရက်ထိတ်လန့်စွာဖြင့်ထိုင်ရာမှ ထလိုက်ကြလေသည်။ အံ့အားသင့်ထိတ်လန့်မှုများသည် သူတို့မျက်နှာများပေါ်တွင်အထင်းသားပေါ်နေလေသည်။

"ဘာတွေဖြစ်တာလည်း? ဘယ်လိုဖြစ်လို့ဓားစက်စည်းက ရုတ်တရက်ပြောင်းလဲသွားရတာလဲ?" အကြီးကဲကျင့်၏မျက်နှာမှာအဆိုးဆုံရုပ်ပျက်နေလေသည်။

ကောင်းကင်အပြည့်တောက်ပနေသော အနီရောင်အလင်းတန်းများသည်မြေပြင်ပေါ်သို့ မိုးစက်များသဖွယ်ကျဆင်းလာသည်မှာ လိုက်ကြည့်၍ပင်မမြင်ရနိုင်အောင်မြန်ဆန်လွန်းလေသည်။ ဒီလောက်အဆင့်မျိုး၏တိုက်ဆိုက်မှုအောက်တွင် မိန်းကလေးငယ်လေးမှာ ဘယ်လောက်ပဲပါရမီရှိရှိမွေးဖွားလာပစေ ဘယ်လိုမှခုခံကာကွယ်၍ရမည်မဟုတ်ပေ။

အလာတူအကြီးကဲလင်တွင်လည်း အံ့အားသင့်သောမျက်နှာထားရှိနေလေသည်။ ဓားစက်စည်းသည်ရှန်းလင်ဂိုဏ်းဝင်ခွင့်စစ်ဆေးမှု၏လပထမဆုံးအပိုင်းတွင်ပါဝင်သောအရာဖြစ်ပြီး နှစ်ပေါင်းရာချီတိုင်ဘာချို့ယွင်ချက်မှမရှိပဲအသုံးပြုခဲ့ကြလေသည်။

ဒါပေမယ့်လည်းအခုသူ့မျက်စိရှေ့တွင် အခုလိုမျိုးသာမန်မဟုတ်သောအရာကြီးတစ်ခုဖြစ်ပျက်နေလေသည်။

ပုံမှန်စစ်ဆေးမှုအတွက်ဆိုလျှင် ဓားစက်စည်းမှာများစွာအားလျော့ထားလေပြီး အကယ်၍ဖြေဆိုသူများဒါဏ်ရာရခဲ့သည်ဆိုရင်တောင် သာမန်ထိခိုက်ရှနာအဆင့်သာရှိလေသည်။ ဓားစက်သည်းသည်သူတို့ အသက်ကိုနှုတ်ယူနိုင်မည့်အရာမဟုတ်ပေ။

သို့ပေမယ့်သူတို့မျက်စိရှေ့တွင်....

အလင်းဓားများသည်ရန်သူကိုတိုက်ခိုက်သည် အချိန်မှသာအနီရောင်သို့ပြောင်းလေသည်။ ထိုအချိန်တွင်တော့ဓားစက်စည်းမှာ ဖြေဆိုသူများကြုံတွေရင်ဆိုင်ခဲ့ရသောအရာမျိုး လုံးဝမဟုတ်တော့ပေ။ ဒီအရာမှာပကတိလူသတ်ဓားစက်စည်းအစစ်ပေ! လူတစ်ယောက်ကတိုက်ခိုက်ခြင်းခံရပါက ကျိန်းသေမုတ်ချထိုလူ၏အသတ်မှာ နှုတ်ယူခြင်းခံရမည်ဖြစ်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now