Ep-23

3.4K 407 2
                                    

The Rebirth of strongest Female Empress
အခန်း ၂၃. ​ဘောင်​ဝုရတနာပြခန်း (၂)
................

ယဲ့ကျင့်​ထန်​သည်​ ပန်းနု​ရောင်​​​ကျောက်​တုံး​လေးကို ကြည့်​မိလိုက်​​လေသည်​။

ထို​ကျောက်​တုံး​လေးသည်​ လက်​သန်း၏လက်​သည်းခွံအရွယ်​အစားခန့်သာရှိသည်​။ ထို​ကျောက်​တုံး​​လေး၏အသွင်​အပြင်​မှာ​ ​တောက်​​ပြောင်​ပြီး ပန်း​ရောင်​သန်း​နေသည်​မှာအလွန်​လှပလှ​ပေသည်​။

"ဟွာယွဲ့​ကျောက်​..."ဟုခပ်​တိုးတိုးဆိုကာ ယဲ့ကျင့်​ထန်​သူမ၏အကြည့်​ကိုစူးစိုက်​လိုက်​သည်​။

ဟွာယွဲ့​ကျောက်​​သည်​ အတွင်းအားစွမ်းအင်​အများအပြားပါရှိ​သော​ ​ကျောက်​မြတ်​တစ်​မျိုးဖြစ်​ပြီး တန်​ဖိုးအလွန်​ကြီးလှသည်​။ ထို​ကျောက်​ကိုဝတ်​ဆင်​ထားရုံနှင့်​ ထိုလူ၏အတွင်းအား​လေ့ကျင့်​မှုကို အလျှင်​အမြန်​တိုးတက်​​စေနိုင်​သည်​။ ထို့အပြင်​အမျိုးသမီးများ ဝတ်​ဆင်​ပါကအမြဲနုပျို​နေ​စေမည့်​ ဂုဏ်​သတ္တိလည်းရှိ​လေသည်​။

ဟွာယွဲ့​ကျောက်​ကိုယဲ့ကျင့်​ထန်​ကြည့်​​နေစဉ်​ ​ထောင်​​ထောင်​​မောင်း​မောင်းလူတချို့သည်​သူမ​ဘေးသို့​ရောက်​လာပြီး ​ကောင်​တာအားလက်​ဖဝါးဖြင့်​ရိုက်​​လေသည်​။

"​ဘောင်​ဝုရတနာပြခန်းမှာဟွာယွဲ့​ကျောက်​ရှိ​နေမယ်​လို့ ငါတစ်​ခါမှထင်​မထားမိခဲ့ဘူး" ဟု​ကျောက်​တုံးကိုလက်​ညိုးထိုးပြီး အရပ်​ရှည်​ရှည်​​ရုပ်​​ချော​ချောလူငယ်​တစ်​​ယောက်​က​​ ပြော​လေသည်​။

ထိုအသံကိုကြား​သော​ကြောင့်​ ယဲ့ကျင့်​ထန်​သည်​​မော့ကြည့်​လိုက်​ပြီး ထိုသူမည်​သူဖြစ်​သည်​ကို ထင်​ထင်​ရှားရှားမြင်​လိုက်​ရ​သော​ကြောင့်​ သူမ၏မျက်​လုံးများ ချက်​ခြင်း​အေးစက်​သွား​လေသည်​။

"​အော်​, ဘယ်​သူများလဲလို့ ယဲ့အိမ်​​တော်​ရဲ့သခင်​မ​လေးပဲ. ဒါမှမဟုတ်​မ​တော်​လိုက်​ရတဲ့​မရီးလို့​ခေါ်ရမလား?"ဟု ထိုလူငယ်​သည်​ယဲ့ကျင့်​ထန်​မှန်းကိုသတိထားမိသွား ​သောအခါသိသိသာသာ ယွဲ့​ပြော​လေသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now