Ep-12

3.7K 501 15
                                    

အခန်း ၁၂. ​ဆေ့အိမ်​​တော်​ (၁)
.......

လစ်​ဟာ​နေ​သော ​နေရာတွင်​ စွမ်းအင်​တစ်​ခုသည်​ ​ဖြေးညှင်းစွာ အစားထိုး​၀င်​​ရောက်​ လာ​သည်​။ ထို​နွေး​ထွေး​သော ခံစားမှုသည်​ ယဲ့ကျင့်​ထန်​ယခင်​အတွင်းအားအမြစ်​ရှိစဉ်​က ခံစားရ​သော ခံစားမှုမျိုးဖြစ်​သည်​။

ယဲ့ကျင့်​ထန်​မှာလွန်​စွာ အံ့အားသင့်​သွားသည်​။ ​သေးငယ်​သော အတွင်းအားအမြစ်​​လေးသည်​ သူမ ခန္ဓာကိုယ်​ထဲတွင်​ တ​ဖြည်း​​ဖြည်းကြီးထွားလာ​နေ​လေသည်​။

သူမ ယခင်​ကရှိခဲ့​သော အဆင့်​အမြင့်​ဆုံး အတွင်းအားအမြစ်​ နှင့်​ အရွယ်​အစားခြင်း မယှဉ်​နိုင်​​သော်​ငြားလည်း အတွင်းအားအမြစ်​အသစ်​​ပေါက်​လာခြင်းသည်​ ယဲ့ကျင့်​ထန်​အလွန်​ စိတ်​လှုပ်​ရှား အံ့သြ​စေသည်​။

သူမရဲ့ အရင်​အ​တွေ့အကြုံများ​ကြောင့်​ အတွင်းအား အမြစ်​မရှိပဲ သိုင်း​လေ့ကျင့်​ရန်​မှာ လွန်​စွာ ခက်​ခဲ့​ကြောင်းသိခဲ့ရသည်​။ အရင်​ဘ၀တွင်​ ယဲ့ရို့ကိုယှဉ်​နိုင်​ရန်​ သူမ၏အတွင်းအားအမြစ်​ နဂိုအတိုင်း ပြန်​လည်း​ကောင်းမွန်​​အောင်​ ပြုပြင်​ဖို့နည်းလမ်းများရှာ​ဖွေခဲ့​သော်​လည်း နှစ်​​ပေါင်း ၃၀၀ကျော်​ အချည်းအနှီး ဖြစ်​ခဲ့ရသည်​။

ယခုလို ​သေးငယ်​​သော အတွင်းအားအမြစ်​​လေး ​ပေါက်​ လာသည်​မှာ ယဲ့ကျင့်​ထန်​ အတွက်​ လွန်​စွာ တန်​ဖိုးရှိ​လေသည်​။

"ယဲ့ရို့, ငါနင့်​ကိုလက်​စား​ချေတာကို နင်​​စောင့်​​နေလိုက်​​တော့" ဟု သူမ၏ ဗိုက်​​အောက်​​ခြေအား ညင်​သာစွာ ထိ၍​ပြော​လေသည်​။ သူမ၏ မျက်​လုံးများမှာ လက်​စား​ချေ လို​သော အရိပ်​အ​ယောင်​ များဖြင့်​ ​တောက်​​လောင်​​နေ​လေသည်​။

***************************
ယဲ့ကျင့်​ထန်​ အတွင်းအားအမြစ်​အသစ်​ရသည့်​ တစ်​ချိန်​တည်းတွင်​ ဂူဒိုင်းနန်း​တော်​ရှိ ပုလ္လင်​ ​ပေါ်တွင်​ထိုင်​​နေ​သော လူတစ်​​ယောက်​မှာ ရုတ်​တရက်​ သူ၏မျက်​လုံးအား ဖွင့်​လိုက်​​လေသည်​။ သူ၏မျက်​လုံးသည်​ စိမ်းစိုနက်​​မှောင်​ကာ ​တောက်ပ​​နေ​လေသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now