Ch-95

1.3K 157 4
                                    

Unicode
...
အခန်း ၉၅. ကောင်းကင်တက်လမ်း (၁)

သူ၏အိမ်တော်မှလူများနှင့်စကားပြောနေသောယွင့်ရှုသည်လည်း လှည့်ကြည့်လေသည်။ လုစုဝေနှင့်သူ့လူများအရှေ့တွင် တစ်ယောက်တည်းရပ်နေသောတည်ငြိမ်ပြီး မှင်သက်အံ့သြရလောက်အောင်လှတဲ့ မိန်းကလေးကိုယွင့်ရှုကြည့်လိုက်မိသောအခါတွင် အလွန်စိတ်ဝင်စားသွားလေသည်။

"ဒီမိန်းကလေးကငယ်ရွယ်ပြီး ကမူးရှူးထိုးဆန်လွန်းတယ်။ သူမနိုင်လောက်မှာမဟုတ်ဘူး" ထိုမြင်ကွင်းကိုမြင်သောရိုယွင့်အိမ်တော်မှ လူတစ်ယောက်မှသက်ပြင်းချကာပြောလေသည်။

"ဘာလို့လဲ?" ဟု ယွင့်ရှုမေးလေသည်။

"ဒီနေ့ဒီမှာရှိနေကြတဲ့လူတွေထဲကမှ ဘယ်သူကဂိုဏ်းထဲသို့ဝင်နိုင်မယ်ဆိုတာကိုအခုထိမသိနိုင်ဘူးလေ။ အဲ့ကလေးမလေးဝင်နိုင်တယ်ဆိုရင်တော့  ပြိုင်စံရှားကောင်းကင်မင်ဆက်မင်းမျိုးမင်းနွယ်တွေက ဂိုဏ်းရဲ့တပည့်တွေကိုမထိရဲတဲ့အတွက်ပြဿနာရှိမှာမဟုတ်ဘူး။

တကယ်လို့များသူမဂိုဏ်းထဲလည်းမဝင်နိုင် ကျောထောက်နောက်ခံတောင့်တင်းတဲ့အိမ်တော်ကလည်းမဟုတ်ခဲ့ရင်တော့ ဘယ်လိုလုပ်ပြီးတော့မင်းမျိုးမင်းနွယ်တွေကိုခုခံနိုင်မှာလဲ?"

ထိုလူသည်ဆက်ပြောလေသည်။" ပြိုင်စံရှားကောင်းကင်မင်းဆက်ရဲ့မင်းမျိုးမင်းနွယ်တွေက သဘောထားကြီးတဲ့သူတွေမဟုတ်ဘူး။ အဲ့ပဉ္စမမင်းသာလုစုဝေအခုနကပြောလိုက်တဲ့စကားရဲ့ အဓိပ္ပါယ်က သူ့မှာရာထူးအာဏာမြင့်လို့ လူတွေကိုခြောက်ချင်လို့ပြောရုံသက်သက်ပဲ"

ရိုယွင့်အိမ်တော်ကလူများသည် မင်းမျိုးမင်းနွယ်မိသားစု၏မောက်မာမှုကိုမကြိုက်ကြပေ။

ယွင့်ရှုအနည်းငယ် မျက်မှောင်ကြုပ်သွားလေသည်။

တစ်ဖက်တွင်လုစုဝေ၏မျက်နှာမှောင်ကျသွားပြီး နောက်ယဲ့ကျင့်ထန်ကိုကြည့်နေရင်း သူ၏နခမ်းပေါ်တွင်ခနဲ့တဲ့တဲ့အပြုံးပေါ်လာလေသည်။

"ကျုပ်မိန်းကလေးကို ဘယ်လိုခေါ်ရမလဲ?"

ထိုစကားဆုံးသွားသောအခါ လုစုဝေသည်ယဲ့ကျင့်ထန်၏နာမည်အား မှတ်ထားမည်ဖြစ်ကြောင်းကို ဘေးမှကြည့်နေသူအားလုံးသိကြလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now