Ch- 119

344 34 0
                                    

Unicode
....
အခန်း ၁၁၉
....

"လက်ဝှေ့သိုင်းပညာပဲဆိုရင်တော့ လုစုဝေကယွင့်ရှုထက်နည်းနည်းလေးသာတာပဲ" ဟုလက်သီးဂိုဏ်းခွဲမှအကြီးကဲသည် အသေးစိတ်လေ့လာပြီးသောအခါပြောလေသည်။

"ယွင့်ရှုရဲ့ဓားသိုင်းကတော့ လုစုဝေထက်ပိုပြီးသာတယ်" ဟုအကြီးကဲလင်ပြောလေသည်။

"ဒါပေမယ့်သူတို့နစ်ယောက်လုံးက အခြေခံကောင်းကောင်းရှိပြီးတော့ အစိမ်းရောင်အတွင်းအားအမြစ်ကိုလည်း ပိုင်ဆိုင်ထားကြတယ်။ သူတို့ဂိုဏ်းထဲကိုဝင်ပြီးရင်တော့ အနည်းငယ်လေ့ကျင့်မှုလုပ်ပြီးတဲ့အခါ ကျုပ်တို့လိုချင်သလိုမျိုးဖြစ်လာမယ်လို့ကျုပ်ယုံတယ်" ဟုအကြီးကဲလင်သည်လုစုဝေနဲ့ယွင့်ရှုတို့သည်ဂိုဏ်းဝင်ခွင့်စစ်ဆေးမှုကို အအောင်ပေးဖို့သူလုံးဝသဘောတူပြီးသကဲ့သို့ပုဒ်ပြတ်ပြောနေလေသည်။

အခြားသောအကြီးကဲများသည် ဒီအရာနှင့်ပက်သက်ပြီး သူတို့သည်လည်းထိုလူငယ်နစ်ယောက်အား ကောင်းသောအရာဟုသာမြင်နေသောကြောင့်ဘားမှမပြောတော့ပေ။

"ယဲ့ကျင့်ထန်ပဲကျန်တော့တယ်" လရောင်ရေပြင်မှန်ချပ်ကနေတဆင့် ယဲ့ကျင့်ထန်သည် ကျင့်ယို့ကျောက်ရှိရာသို့လျောက်သွားနေသည်ကို မြင်သောဆေးမြစ်ဂိုဏ်းခွဲမှအကြီးကဲမှပြောလိုက်လေသည်။

"ဒီတစ်ခါဒီကလေးမလေး ဘာလုပ်လိမ့်မလဲ" အကြီးကဲကျင့်သည်ယဲ့ကျင့်ထန်အားရှုပ်ထွေးတွေဝေသော အကြည့်များဖြင့်ကြည့်နေလေသည်။

အရင်ဖြေဆိုမှုနစ်ခုလုံးတွက် ယဲ့ကျင့်ထန်သည်အေးဆေးစွာဖြင့်အားလုံးကိုအနိုင်ယူနိုင်ခဲ့လေသည်။ တကယ်လို့များသူမရဲ့အတွင်းအားအမြစ်ဟာနည်းနည်းလေးကောင်းနေတယ်ဆိုရင် သူမသည်တတိယဖြေဆိုမှုတွင်ရလာဒ်မကောင်းရင်တောင်မှ သူမသည်ဂိုဏ်းဝင်ခွင့်ကိုအောင်မြင်နိုင်မည်ဖြစ်လေသည်။ သို့သော်....

အကြီးကဲလင်သည်အကြီးကဲကျင့်အား ခနဲ့သောအကြည့်များဖြင့်ကြည့်လိုက်လေသည်။

ယဲ့ကျင့်ထန်သည်ပြီးခဲ့တဲ့ဖြေဆိုမှုနစ်ခုလုံးကို အောင်မြင်ခဲ့ပြီး ထူးချွန်တဲ့ရလာဒ်တွေရခဲ့တယ်ဆိုသည့်အရာမှာ သူ့ကိုပင်အံ့အားသင့်စေခဲ့လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now