Ep-65

1.6K 186 1
                                    

Unicode

အခန်း ၆၅. မွေးနေ့ဧည့်ခံပွဲ (၂)
...

အခုယဲ့ရို့ယွင်ရှောင်းဂိုဏ်းထဲရောက်သွားပြီဆိုတော့ သူမသည်ယဲ့ရို့နှင့်ယှဉ်၍ပင်မဖြစ်နိုင်တော့ပေ။ သို့သော်လည်းယဲ့ကျင့်ထန်နှင့်မူ သူမအစွမ်းနှင့်ယှဉ်လျှင် ယဲ့ကျင့်ထန်မှာမြင့်သော်လည်း အတွင်းအားအမြစ်ဆုံးရှုံးသွားပြီဖြစ်သောကြောင့်သူမ၏အစွမ်းများတိုးတက်ဖို့ရန်အတွက်မှာ မလွယ်ကူတော့ပေ။

တစ်ဖက်တွင်ယဲ့ရွှန်းမှာကောင်းသော အတွင်းအားအမြစ်ရှိနေသေးပြီး အနာဂတ်တွင်သူမတိုးတက်ဖို့ နည်းလမ်းများစွာရှိနေလေသည်။အများကြီးကြိုးစားရန်လိုနေသေးသည်။

ဒဝမ်ထျန်းယောင်သည် အကောင်းပကတိရှိသောအတွင်းအားအမြစ်ကို များစွာအလေးထားကြောင်းယဲ့ရွှန်းသိလေသည်။ယဲ့ကျင့်ထန်ဘယ်လောက်ပဲချောချောလှလှ သူမတွင်အားနည်းချက်ရှိနေလေသည်။

ဒဝမ်အိမ်တော်သည် အတွင်းအားအမြစ်မရှိတော့သောမိန်းကလေးမျိုးအား ဒဝမ်အိမ်တော်အရှင်သခင်ဖြစ်လာမည့် သူ၏မယားအဖြစ်လုံးဝလက်ခံနိုင်မည်မဟုတ်ပေ။

ထိုအရာကိုတွေးရင်းယဲ့ရွှန်း၏အကြည့်သည် သူအားနွေးထွေးမှု၊ ချစ်ခင်မြတ်နိုးမှုများဖြင့်ပြန်ကြည့်သော ဒဝမ်ထျန်ယောင်ဆီရောက်သွားလေသည်။

"ရွှန်း မင်းအခုလည်းအကောင်းဆုံးလုပ်နေတာပါပဲ။ အခုကစပြီး ကိုမင်းနဲ့အတူသိုင်းလေ့ကျင့်ပြီး အတူတူတိုးတက်လာဖို့မျှော်လင့်ကြတာပေါ့"ဟုဒဝမ်ထျန်းယောင်သည်ပြုံးကာ ပြောလေသည်။

ယဲ့ရွှန်းသည်ခေါင်းငြိမ့်လိုက်လေသည်။လူတွေအားလုံးပျော်ရွှင်စားသောက်နေကြချိန်တွင် ယဲ့အိမ်တော်၏တံခါးစောင့်များသည်အလောတကြီးဖြင့်ဝင်လာကြလေသည်။

"အိမ်တော်အရှင် နဲ့အကြီးကဲနစ်ယောက်ခင်ဗျာ၊ ကြယ်ကြွေမြို့တော်ရဲ့မြို့စားကြီးမုစုက တံခါးမှာရောက်နေပါတယ်"

ချက်ချင်းပင် လူများပြည့်နေသောအိမ်တော်ထဲတွင် အံ့သြမှင်သက်သောအသံများပြည့်နက်သွားလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now