Ch-85

1.5K 186 5
                                    

Unicode
...
အခန်း ၈၅
...

မဟူရာကောင်းကင်ရေစဉ်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအကြီးဆုံးအနှစ်ရည်မျိုးဖြစ်ပြီး အင်မတန်ရှားပါးလှလေသည်။ ယဲ့ကျင့်ထန်ရှန်းလင်ဂိုဏ်းမှလွဲ၍ တခြားဂိုဏ်းသို့မဝင်ချင်သော အကြောင်းအရင်းမှာ ထိုရေစဉ်ကြောင့်သာဖြစ်လေသည်။

အတွင်းအားကျင့်ကြံသောသူများအတွက် မဟူရာကောင်းကင်ရေစဉ်သည် အနှိုင်းမဲ့ရတနာမျိုးဖြစ်လေသည်။ ထိုရေစဉ်ကိုသောက်သုံးလိုက်ပါက အတွင်းအားအမြစ်ပေါက်မလာသောသူအဖို့ပင် ပုံပန်းသွင်ပြင်အားကြံ့ခိုင်စေကာမွေးရာပါ ပါရမီကိုပင်ပို၍တိုးတက်လာနိုင်လေသည်။

ယဲ့ကျင့်ထန်၏ပင်ကိုယ်မွေးရာပါပါရမီမှာ အလွန်ကောင်းသော်လည်း သူမ၏အတွင်းအားအမြစ်မှာ ပျက်စီးသွားရလေသည်။ အသစ်တစ်ခုပေါက်လာသော်ငြားလည်း သူမ၏ကိုယ်ကာယခွန်အားကိုတိုစေကာ သူ၏အနာဂတ်အတွင်းအားလေ့ကျင့်ခြင်းကို ဆိုးကျိုးသက်ရောက်စေမည်ဖြစ်လေသည်။

ထို့ကြောင့်သူမသည် ထိုမဟူရာကောင်းကင်ရေစဉ်ကို ရယူကာ သူမ၏ကိုယ်ခန္ဓာကိုအားဖြည့်ပံ့ပိုးရန်အတွက် ရှန်းလင်ဂိုဏ်းထဲသို့ အလျှင်အမြန်ဝင်ရောက်ချင်နေခြင်းဖြစ်လေသည်။

မထင်မှတ်ထားပဲထိုအရာမှာ သူမ၏အတွင်းအားအမြစ်အတွက်လည်း အကျိုးရှိသောအရာဖြစ်နေလေသည်

ထို့နောက်ယဲ့ကျင့်ထန်သည် ရှန်းလင်ဂိုဏ်းထဲသို့ဝင်ရန်ရည်ရွယ်ချက် ပို၍ခိုင်မာသွားလေသည်။

ယဲ့ရို့သည်ယွင်ရှောင်းဂိုဏ်းကို ရောက်ရှိနေပြီးဖြစ်လေသည်။ သူမအရင်ဘဝ၏မှတ်ဉာဏ်များအရ ယဲ့ရို့၏အစွမ်းများမှာအကန့်အသတ်မရှိတိုးတက်လာမည်ဖြစ်လေသည်။ ယဲ့ကျင့်ထန်သည်ယဲ့ရို့အား အနိုင်ယူလက်စာချေရန် သူမသည်ရှန်းလင်ဂိုဏ်းထဲသို့ဝင်ကာ မဟူရာကောင်းကင်ရေစဉ်အား ယူ၍အတွင်းအားအမြစ်နှိုက်ထုတ်ခြင်းခံထားရသောကြောင့်ရရှိထားသော အတွင်းဒါဏ်ရာအားပျောက်အောင် အရင်လုပ်ရမည်ဖြစ်လေသည်။

ထိုနည်းလမ်းဖြင့်သာသူမသည် ယဲ့ရို့အားယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် အားသာချက်တစ်ခုရမည်ဖြစ်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now