Ep-5

3.8K 428 0
                                    

အခန်း ၅. ​စေ့စပ်​​ကြောင်းလမ်းခြင်းအား ဖျက်​သိမ်းခြင်း (၁)

ယဲ့ရွှန်းသည်​ ဟွင်းယန်​ ​ဆေးလုံး ယဲ့လင်းထံ​သို့ ​ရောက်​သွားသည်​ကို အခဲမ​ကျေဖြစ်​ရသည်​။ သို့​သော်​လည်း ဒ၀မ်​ထျန်း​ယောင်​ ​ပြော​သောစကားကို သတိရကာ သူမစိုးရိမ်​မှုများမရှိ​တော့ ညင်​သာစွာ ပြုံးမိသည်​။

"ထန်​ထန်​ အခုတစ်​​လော ဘယ်​လို​နေလည်း၊ သက်​သာရဲ့လား?" ဟု​မေး​သော ဒ၀မ်​ထျန်း​ယောင်​၏ မျက်​လုံးထဲတွင်​စိုးရိမ်​စိတ်​မပါ။ အခွင်း​ကောင်းကို​စောင့်​၍ ​ပြောစရာရှိ​သော ကိစ္စ အား​ပြောရန်​ ပြင်​ဆင်​​နေသည်​။

ယဲ့လင်းမှာ​တော့ ဘားမှသတိမထားမ​ပေ။ သူသက်​ပြင်းချပြီး "ထန်​အာ သူ့ရဲ့စွမ်းအင်​အရင်းအမြစ်​ပျက်​စီးသွားတာ ဘယ်​လိုအဆင်​​ပြေမှာလည်း? သူက အရမ်းသိတတ်​ပြီး လိမ္မာတဲ့က​လေး​၊ ဘယ်​​တော့မှ သူမနာကျင်​ခံစား​နေရတာကို ဦး​လေးအ​ရှေ့မှာ မပြဘူး​လေ။ သူအခုလိုခံစား​နေရတာမြင်​ရ​တော့ ဦး​လေး စိတ်​မ​ကောင်းဘူးကွယ်​"

ယဲ့လင်းဟာ ဒ၀မ်​ထျန်း​ယောင်​ အားကြည့်​လိုက်​ပြီး"ထျန်း​ယောင်​, ထန်​ထန်​နဲ့မင်းက ​စေ့စပ်​ထားကြတာ၊ ပြီး​တော့ တူတူကြီးပြင်းလာကြတာ၊ အခုအချိန်​မှာ မင်း ထန်​အာရဲ့​ဘေးနားမှာ ရှိ​နေ​ပေးရင်​ အရမ်း​ကောင်းမှာ၊ သူလည်းပိုပြီးစိတ်​သက်​သာယာရတာ​ပေါ့."

ဒ၀မ်​ထျန်း​ယောင်​ဟာ ပြုံးပဲ ပြုံး​နေပြီး မည်​သည့်​စကားမျှပြန်​မ​ပြော​ပေ။

ဘေးတွင်​မတ်​တပ်​ရပ်​​နေ​သော ​ယဲ့ရွှန်း သည်​ အနည်းငယ်​ ​ငိုင်​သွားသည်​။ ခိုး​ကြောင်​ခိုးဝှက်​ နှင့်​ ဒ၀မ်​ထျန်း​ယောင်​၏ အင်္ကျီလက်ကို ဆွဲလိုက်​ရာ ဒ၀မ်​ထျန်း​ယောင်​ကလည်း သူမရဲ့လက်​ဖမိုးကို​ဖြေးညှင်းစွာပုတ်​ပြီး နှစ်​သိမ့်​​ပေးသည်​။

ထိုစဉ်​ ပိန်​ပါး​ ​သေးသွယ်​​သော ပုံပန်းသွင်​ပြရှိ​သော သူတစ်​​ယောက်​သည်​ ခန်းမ​ကြီးထဲ ၀င်​လာပြီး ထိပ်​ဆုံးခုံမှာ ထိုင်​​နေ​သော ယဲ့လင်းအား ဂါရ၀ပြု သည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now