Ep-60

2.2K 239 10
                                    

Unicode

အခန်း ၆၀. စကားပြန်ပြောခြင်း(၃)
....

ယဲ့ကျင့်ထန်၏စကားများဆုံးသွားသောအခါ အကြီးကဲကြောင်သွားလေသည်။

"အကယ်၍အကြီးကဲတကယ်ပဲ စုံစမ်းစစ်ဆေးချင်တယ်ဆိုရင် ကျင့်လောင်ဆိုင်ကိုသွားပြီးစုံစမ်းလိုက်ပါ။ တကယ်ကြိုးကိုင်တဲ့သူကဘယ်သူလဲဆိုတာအကြီးကဲရှာတွေနိုင်မယ်ထင်တယ်?" ယဲ့ကျင်ထန်သည်အကြီးကဲအားပြုံးကာကြည့်လေသည်။

ထိုအချိန်အတွင်းအကြီးကဲ၏မျက်နှာသည် ဒေါသများဖြင့်မှောင်ကျသွားလေသည်။

ယဲ့ကျင့်ထန်သည်လူသတ်သမားများ၏လက်တွင် ရေးထိုးထားသောစာလုံးကိုရိပ်မိလိမ့်မည်ဟု နှစ်ပေါင်းသန်းချီကြာလျှင်ပင်တွေးမိမည်မဟုတ်ပေ။ လူသတ်သမားများသည်ထူးဆန်းစွာဖြင့် အကြီးကဲအားသစ္စာဖောက်သွားကြသော်လည်း သူသည်သူတို့အားခေါ်ထုတ်လာပြီးထိပ်တိုက်ရင်ဆိုင်၍မရပေ။

နောက်ဆုံးတော့...

ကျင့်လောင်ဆိုင်ကိုငှါး၍လယဲ့လင်းအားလုပ်ကြံခိုင်းခဲ့သည့်သူမှာ သူပဲဖြစ်လေသည်။လူသတ်သမားများသည် မအောင်မြင်ခဲ့သော်လည်း ဤသတင်းပေါက်ကြားသွားခဲ့သော် သူသည်......

အကြီးကဲ၏ရုပ်မှာတဖြေးဖြေးဆိုးလာလေသည်။ယဲ့ကျင့်ထန်သည်ကျင့်လောင်ဆိုင်အကြောင်းပြောလာသောကြောင့် သူသည်ထိုကိစ္စများကိုဆက်၍မပြောရဲတော့ပဲ သူ၏စိတ်ထဲရှိအရာများအားထိန်းချုပ်ထားရန်သာရှိတော့လေသည်။ တည်ငြိမ်ချင်ယောင်ဆောင်ကာ

"မင်းကိုယ်တိုင်တွေ့တယ်ဆိုတော့တယ် ငါကျင့်လောင်ဆိုင်ကိုလူလွှတ်ပြီးအခြေအနေကိုစုံစမ်းကြည့်လိုက်မယ်။ အကယ်၍ဒီအရာသာသူတို့လက်ချက်ဆို ဒီကိစ္စရဲ့နောက်ကွယ်ကကြိုးကိုင်တဲ့သူကိုငါရအောင်ထုပ်ပေးဖို့လုပ်မယ်"ဟုပြောလေသည်။

အကြီးကဲသည်အသက်ရှူလိုက်ပြီး စကားများကိုပြောလေသည်။

သူသည်ယဲ့လင်းနှင်ဒုတိယအကြီးကဲလူများအား ကျင့်လောင်ဆိုင်သို့စုံစမ်းရန်သွားခွင့်လုံးဝပေး၍မရပေ။ မဟုတ်လျှင်အကြိုးဆက်များမှာပေါ့ပါးမည်မဟုတ်ပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now