Ep-63

1.9K 214 3
                                    

Unicode

အခန်း ၆၃. မုန်တိုင်းမထန်ခင်လေငြိမ်ခြင်း(၃)
......

ယဲ့ကျင့်ထန်သည်ခေါင်းငြိမ့်လိုက်သည်။

ဆေ့သခင်ကြီးကယဲ့ကျင့်ထန်စီစဉ်သော အရာကိုအနည်းငယ်လက်မခံသောအရိပ်အယောင်ပြကာ မျက်မှောင်ကြုပ်လိုက်လေသည်။

"နှောက်နစ်ရက်ကြာရင်က အကြီးကဲရဲ့မွေးနေ့ဧည့်ခံပွဲရှိတယ်လေ။ အဲ့အချိန်မှာမုစုကိုတွေ့မယ်ဆိုရင် အကြီးကဲကရာထူးအဆင့်မြင့်တယ်လို့တခြားသူတွေကထင်ကုန်မှာပေါ့" ဆေ့သခင်ကြီးသည်ယဲ့ကျင့်ထန်အားသဘောကျသော်လည်း အကြီးကဲကိုမူ အရင်ကကဲ့သို့အလွန်မုန်းတီးနေသေးလေသည်။

ယဲ့အိမ်တော်မှလူတွေသည်လင်မြို့တွင်နာမည်ကြီးကြပြီး အိမ်တော်ကြီးသုံးအိမ်ထဲတွင်ပါလေသည်။ ထိုအချက်များကြောင့် အကြီးကဲ၏မွေးနေ့ဧည့်ခံပွဲသည်လူသိများလေသည်။ ရက်အနည်းငယ်ကျန်နေသေးသော်လည်း အိမ်တော်တိုင်းသည်ဖိတ်စာကို လွန်ခဲ့သောရက်များကတည်းကရရှိကြပြီးဖြစ်လေသည်။

မုစုသည်ယဲ့ကျင့်ထန်ကို တွေ့မည်မှာဆေ့အိမ်တော်ကြောင့်ဖြစ်လေသည်။ ဒီလိုသေးငယ်လှတဲ့လင်မြို့လေးမှာ မုစုလိုဂုဏ်အသရေရှိလူပုဂ္ဂိုလ်မျိုးကိုတွေ့ရန်ဖိတ်ခေါ်နိုင်ဖို့မှာဆေ့အိမ်တော်၏ဆက်နွယ်မှုကြောင့်သာ မဟုတ်ခဲ့လျှင့်မည်သိုဖြစ်နိုင်မည်နည်း?

အကြီးကဲမွေးနေ့တွင် မုစုယဲ့အိမ်တော်သို့ရောက်လာသည်ဆိုသော အတွေးသည်ဆေ့သခင်ကြီးကိုချက်ချင်းမပျော်ရွှင်အောင် လုပ်လိုက်လေသည်။

ယဲ့ကျင့်ထန်သည်ရယ်ကာ
"ဆေ့ဖိုးဖိုး သမီးကိုအဲ့ဒီ့ဟာလေးပြောပေးပါနော်။ အခုလိုတွေမှာကအကြီးကဲကို အကျိုးဖြစ်သွားမှာကိုသမီးမကြောက်ပါဘူး" ဟုပြောလေသည်။

ကောင်းကျိုးဖြစ်ဖြစ်ဆိုးကျိုးဖြစ်ဖြစ် ဒီအရာသည်အကြီးကဲဆုံးဖြတ်နိုင်မည့်အရာမဟုတ်ပေ။

"ဒီကောင်မလေး..... နင့်မှာဝှက်ထားတဲ့အကြံအစဉ်တွေရှိတယ်မလား?" ဆေ့သခင်ကြီးသည်မျက်စိကိုမှေးကာယဲ့ကျင့်ထန်ကိုကြည့်ရင်း အဖြေရအောင်စကားနိုက်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now