Ep-58

2.1K 258 15
                                    

အခန်း ၅၈. စကားပြန်ပြောခြင်း (၁)

"ထိခိုက်အောင်လုပ်တယ်? ဒါလောက်ကအသက်ချမ်းသာပေးတယ်လို့ပြောလို့ရတယ်" ဟုယဲ့ကျင့်ထန်သည်ရွဲ့ကာပြောလေသည်။

ဒုတိယအကြီးကဲအားမြေကြီးပေါ်သို့လဲှချကာချုပ်ထားသော ဒဝမ်အိမ်တော်မှာအကြီးကဲများအားသူမတွေ့လိုက်ရသောအခါ စောစောကသူမထိန်းချုပ်ထားသောဒေါသများမှာပြန်၍ပေါက်ကွဲထွက်လာလေသည်။

အတော်ကောင်းတဲ့အကြီးကဲ!အတော်ကောင်းတဲ့ဒဝမ်အိမ်တော်!

"ရှင်တို့ဒဝမ်အိမ်ကလူတွေက တဖြေးဖြေးနဲ့ပိုပြီးပိုပြီးလေးစားဖို့ကောင်းလာပြီးပဲ။ ယဲ့အိမ်တော်ရဲ့အိမ်တွင်းရေးကိစ္စတွေကိုပါဝင်စွက်ဖက်ရုံမကပဲ ရှင်တို့ရဲ့နောက်တက်မယ့်အိမ်တော်သခင်ကို ယဲ့အိမ်တော်သခင်ကိုတိုက်ခိုက်ခွင့်ပေးသေးတယ်? ရှင်တို့ရဲ့လောဘကတဖြေးဖြေးကြီးလာပါလား!" ဟုယဲ့ကျင့်ထန်သည်လှောင်၍ပြောလေသည်။

ဒဝမ်အကြီးကဲသည် "ဒုတိယသခင်လေးက မင်းရဲ့အဖေကိုရည်ရွယ်ချက်ရှိရှိနဲ့စော်ကားပြီး တိုက်ခိုက်တာမဟုတ်ပါဘူး။ သူကမင်းအဖေကိုဝင်ပါပြီးတော့မှ ထိခိုက်ဒါဏ်ရာမရစေချင်လို့ပါ။ ယဲ့အိမ်တော်ရဲ့ဒုတိယအကြီးကဲကမကြံသင့်တာကြံခဲ့ပြီး ယဲ့အိမ်တော်ရဲ့အကြီးကဲနဲ့အိမ်တော်သခင်ကိုသတ်ဖို့ကြံခဲ့တာ။ ယဲ့အိမ်တော်နဲ့ခမည်းခမက်တွေဖြစ်တဲ့အပြင် အကြီးကဲနဲ့ရင်းနှီးတဲ့ရွှန်းအတွက်ဒဝမ်အိမ်တော်ကလာပြီးကူညီပေးတာပါ။"ဟုမျက်မှောင်ကြုပ်ကာပြောလေသည်။

"အကူအညီပေးတယ်?" ယဲ့ကျင့်ထန်သည်မဲ့ပြုံးပြုံးလိုက်လေသည်။ "ယဲ့ရွှန်းကယဲ့အိမ်တော်ရဲ့မွေးစားသမီးသာသာပဲရှိပြီး ယဲ့အိမ်တော်ရဲ့မိသားစုဝင်လို့ပြောလို့မရဘူး။ သူမမှာယဲ့အိမ်တော်နဲ့ပက်သက်တဲ့အရေးကိစ္စတွေမှာဝင်ပါခွင့်လုံးဝမရှိဘူး။ ဒါကိုသူမနဲ့စေ့စပ်ထားတဲ့ဒဝမ်အိမ်တော်နဲ့ဆိုယဲ့အိမ်တော်နဲ့ဘာတွေများပက်သက်ဆက်နွယ်မှုရှိနေမှာလဲ"

ယဲ့ကျင့်ထန်သည်ယဲ့ရွှန်းအား မျက်နှာသာမပေးပဲသူမ၏ယဲ့မိန်းကလေးဆိုသောဂုဏ်ပုဒ်ကို နိပ်ချပြစ်လိုက်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now