Ch-97

1.1K 132 1
                                    

Unicode
အခန်း ၉၇. ကောင်းကင်တက်လမ်း (၃)

"ယွင့်သခင်လေး ကောင်းကင်တက်လမ်းကို ဘယ်လိုလုပ်လျှောက်ရတာလဲ?" လုစုဝေသည်အသက်ကိုတဝရှူကာ ရုတ်တရက်ယွင့်ရှုအားမေးလေသည်။

ယဲ့ကျင့်ထန်ကိုမေးဖို့ရန်မှာ သူ့အတွက်လုံးဝမဖြစ်နိုင်ပေ။

ယွင့်ရှုသည်လှည့်လိုက်ကာ "တည်ငြိမ်တဲ့ရေမျက်နှာပြင်လိုစိတ်နဲ့ တည်တည်ငြိမ်ငြိမ်စိတ်ရှည်ရှည်"ဟုပြုံးပြီးတော့ပြောလေသည်။

ယွင့်ရှု၏စကားများသည် လုစုဝေကိုအံ့အားသင့်သွားစေလေသည်။

စိတ်ရှည်မှုနဲ့တည်ငြိမ်မှု? ရေလိုတည်ငြိမ်တဲ့စိတ်?

လုစုဝေသည်ကောင်းကင်တက်လမ်းကို နောက်တစ်ခေါက်လေ့လာလိုက်ပြီးအပြောင်းအလဲများပြင်ဆင်ပြီးနောက် ထပ်မံ၍နင်းတက်လိုက်လေသည်။

ဒီတစ်ကြိမ်တွင်သူ့စိတ်ထဲတွင်ရှိနေသောအလောတကြီးဖြစ်နေမှုများကို ခဝါချလိုက်သည့်အခါသူ့ခြေထောက်အောက်ရှိ ကြာပန်းမှာလုံးဝပျောက်မသွားတော့ပေ။

စိတ်တည်ငြိမ်စွာဖြင့်လုစုဝေသည် ချက်ချင်းအမှီလိုက်လေသည်။

ယဲ့ကျင့်ထန်သည်တခြားသူများထက် ပိုမြန်နေသော်လည်းလုစုဝေနင့်ယွင့်ရှုတို့ပြောနေသောစကားများကို ကြားရသေးလေသည်။ သူမခေတ္တခနတာရပ်လိုက်ပြီးယွင့်ရှု၏လမ်းညွှန်ချက်ဖြင့် ကောင်းကင်လမ်းကိုတက်လာနေပြီဖြစ်သော လုစုဝေအားကြည့်ရင်းသူမနှုတ်ခမ်းပေါ်တွင် အပြုံးလေးတစ်ပွင့်ပွင့်သွားလေသည်။

ဆရာတူအကိုကြီးယွင့်က သူမအရင်ဘဝတုန်းကလိုပဲ စိတ်ထားကောင်းသေးတာပဲ။

ကောင်းကင်တက်လမ်းသည် ဂိုဏ်းဝင်ခွင့်စာမေးပွဲ၏ပထမဆုံးအဆင့်ဖြစ်ပြီး ရေကဲ့သို့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်သောသူများသာ ခြေလှမ်းတိုင်းတွင်ကြာပန်းများပွင့်လာနိုင်ပြီး ကောင်းကင်ပေါ်တွင်လမ်းလျှောက်နိုင်လေသည်။ အတွေးများသောသူမည်သူမဆို ပြုတ်ကျသွားမည်ဖြစ်လေသည်။ ပြီးတော့ကောင်းကင်တက်လမ်းသည် အလွန်ရှည်ပြီးတော့လမ်းတစ်ဝက်လောက်ရောက်ရင်တောင် ပြုတ်ကျသွားနိုင်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now